Pages

3/6/12

အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့ရတဲ့ MMG

အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့ရတဲ့ MMG


“အစ်ကို “…….. “အဝတ်အစားတွေသေချာထည့်ပြီးပြီလား?”

“အော်……..အေး…..မိန်းမ ထည့်ပြီးပြီ..”…….

 “အစ်ကို……..ရှင်ဘာတွေတွေးပြီး ပြုံးနေတာလဲ?..”……..

”ရှင့်ကြည့်နေတာ…တစ်ယောက်ထဲပြုံးနေတာပဲ”

“ ဟုတ်တယ်…..မိန်းမ……MMG အကြောင်းစဉ်းစားနေမိလို့ပါ။…

” “အစ်ကို….တစ်ခြားဟာတွေ ပါမပါစစ်လိုက်ပါဦး…….အစ်ကိုရေ”

“အေးပါ…..မိန်းမ ကို့ စစ်လိုက်မယ်”

ကျွန်တော် ဇနီးပြောလည်း ပြောချင်စရာ ကျွန်တော် MMG အဖွဲ့အကြောင်း စဉ်းစားနေမိတာကို

ကျွန်တော် အင်တာနက် စသုံးတတ်တော့ Multiply မှာ ဆိုက်ကလေးလုပ်လို့ စတင် အသုံးပြုခဲ့ပါသည်။

ကျွန်တော်က ကဗျာ၊ဝတ္တု တွေကမရေးတတ် ၊နည်းပညာက မကျွမ်းကျင် ဒီတော့ ကျွန်တော် အတွက်

ရေးစရာ စဉ်စားရ အရမ်းခက်ခဲ့ပါသည်။ ဒီအချိန်မှာ ကျွန်တော်က ကျန်းမာရေး သိပ်မကောင်းပါဘူး။

အဲဒါကြောင့် ကျန်းမာရေး အတွက်ရေးရန် အကြံရခဲ့ပါသည်။ ဒီနေရာမှာ ကျန်းမာရေး အတွက် ရေးရန်

၊ကျွန်တော် စဉ်းစားမိတာကတော့ မြန်မာဆေးမြီးတိုတွေရေးရန် ဆုံးဖြတ်ခဲ့ပါသည်။


ဆေးမြီးတိုတွေရေးရန် ကျွန်တော် ဆေးမြီးတိုစာအုပ်တွေ စု ၊ လူကြီး သူမတွေက ပြောပြသော

ဆေးနည်းတွေစု မြန်မာဆေးကျမ်းတွေဝယ်ရနဲ့ စုဆောင်းပြီး လေ့လာခဲ့ရပါသည်။ ဒီလိုနဲ့ Multiply မှာ

ဆေးမြီးတိုဆိုက်ကလေးမှာ စပြီး မြန်မာဆေးမြီးတိုများကို ရေးခဲ့ပါသည်။ ကျွန်တော် Multiply မှာ

တစထက် တစ မိတ်ဆွေပေါများ ခဲ့ပါသည်။ အကုန်လုံးက ညီအစ်ကိုလို ခင်နေကြပေမယ့် လူချင်က

မမြင်ဖူး ပါဘူး။ ဒါကြောင့် Multiply သုံးစွဲသူတွေ အချင်းချင်း ပရဟိတလည်းလုပ် စည်းစည်းလုံးလုံးရှိရန်

MMG အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါသည်။ MMG အဖွဲ့က တစ်လပြည့်၊တစ်နှစ်ပြည့် တွေ့ဆုံပွဲတွေ

ပြုလုပ်ခဲ့ပါသည်။ အခုလည်း ၂နှစ်ပြည့် ပြုလုပ်မည်ဖြစ်သည်။ ဒါကြောင့် ကျွန်တော်ကိုလည်း

တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဒီမှာပဲ လပွတ္တာက ကိုကြည်နိုင်နဲ့ ညီအစ်ကိုလို့ ခင်မင်ရင်းနှီးတော့

ကျွန်တော်ကို ကိုကြည်နိုင်က MMG တွေ့ဆုံပွဲကို အတူတူတက်ရောက်ရန် ခေါ်ပါသည်။

”ကိုမင်းမင်းဇော်ရေ….MMG နှစ်ပြည့် တွေ့ဆုံပွဲကို အတူတူတက်ရအောင်ဗျာ”

 “ အစ်ကို…..ကျွန်တော် တက်ချင်ပါတယ်……ဒါပေမယ့် ကျွန်တော် ရန်ကုန်ကို မရောက်ဖူးဘူး၊ ပြီးတော့

ရန်ကုန်က အသိမိတ်ဆွေက မရှိဘူး…….အစ်ကိုရေ”.. “ကိုမင်းမင်းဇော်ကလည်း ကျွန်တော်တို့လည်း

ဆွေမျိုးလည်းမရှိ၊ အသိမိတ်ဆွေ မရှိပါဘူး။ MMG အဖွဲ့က လူတွေပဲ သိတာပါ။”

“တစ်ခုတော့ရှိတယ်…..ကျွန်တော်က MMG အဖွဲ့က လူတွေ မြင်ဖူးတယ်ဗျ…..MMG အဖွဲ့က

ကျွန်တော်တို့ လပွတ္တာကို လာပြီး အလှူလုပ်ဖူးတယ်လေ” “ဟုတ်….အစ်ကို ကျွန်တော်က မမြင်ဖူးတော့

လာရမှာ မဝံမရဲဖြစ်နေမိတယ်” “ အဲဒါအတွက် စိတ်ထဲမထားနဲ့ဗျာ…..လာခဲ့ပါ။ အကုန်လုံးက ညီအစ်ကို

မောင်နှမလိုပါပဲ၊ ခင်ဖို့ကောင်းပါတယ်။” “ဟုတ်ကဲ့ အစ်ကို လာနိုင်အောင် ကြိုးစားပါမယ့်။

ကျွန်တော်လာဖြစ်ရင် အစ်ကိုမလာလို့မရဘူး အစ်ကိုရောလာရမှာနော်”

“ဟုတ်ကဲ့ပါ….ကိုမင်းမင်းဇော်ရေ….စိတ်ချ ခင်ဗျာလာရင် ကျွန်တော်လည်း လာမယ်ဗျာ” “ ဟုတ်ကဲ့

…အစ်ကို ကျွန်တော် လာနိုင်အောင် ကြိုးစားပါမယ်။”


 ဒီလို့နဲ့ပဲ ကျွန်တော် MMG အဖွဲ့က ကိုမင်းသူရိန်၊ကိုလင်းအောင်ပြည့် ၊ မမေဇူး တို့သုံးယောက်နဲ့

သေချာအောင် လာမည် အကြောင်း ကိုပြောပြခဲ့ပါသည်။


“ကိုမင်းသူရိန်”

 “ အစ်ကို…..ကျွန်တော် MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲ လာချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ရန်ကုန်က

မရောက်ဖူး အသိမိတ်ဆွေက မရှိဆိုတော့ လာရမှာ ခက်ခဲ့နေလိုပါ။”

“ ဒီအတွက် မပူနဲ့ ညီရေ၊ ညီလာရင် ဖုန်းသာဆက်လိုက်ပါ၊ အကုန်လုံး စိစဉ်ပေးပါမယ်။”

“ ဟုတ်….အစ်ကိုရေ….ကျေးဇူးပါ။” “ကျွန်တော်လာနိုင်အောင်ကြိုးစားပါမယ်”


“ကိုလင်းအောင်ပြည့် “

 “ အစ်ကိုရေ…..ကျွန်တော် MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲကို တက်ချင်တယ်၊ ဒါပေမယ့် ရန်ကုန်က

မရောက်ဖူးဘူး၊အသိမိတ်ဆွေက မရှိဘူး၊ ဒါကြောင့် လာဖို့ခက်နေတယ်…. အစ်ကိုရေ”

 “ဒီအတွက် ကိုမင်းမင်းဇော် ဘာမှ မပူပါနဲ့ ရန်ကုန်ရောက်ရင် ဖုန်းဆက်လိုက်ပါ၊ အကုန်စိစဉ်ပေးပါမယ်” 

”ဟုတ်ကဲ့…ကိုလင်းအောင်ပြည့် ကျေးဇူးပါ၊ ကျွန်တော် လာနိုင်အောင်ကြိုးစားပါမယ်”

“မမေဇူး”

 “ အစ်မ…..MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲ တက်ချင်တာ ၊ဒါပေမယ့် ရန်ကုန်က မရောက်ဖူးဘူး၊

အသိမိတ်ဆွေက မရှိဘူး၊ ဒါကြောင့်လာဖို့ခက်နေလို့ပါ…အစ်မ”

“အဲဒီ အတွက်ကို မပူပါနဲ့ ကိုမင်းမင်းဇော်…..ရန်ကုန်ရောက်ရင်တာ ဖုန်းဆက်လိုက်ပါ၊

…..ကိုမင်းသူရိန်၊ကိုလင်းအောင်ပြည့်တို့နဲ့ တိုင်ပင်ပြီး စီစဉ်ပေးပါမယ်”

 “ ဟုတ်ကဲ့…အစ်မ …ကျေးဇူးပါ၊…ကျွန်တော် လာနိုင်အောင်ကြိုးစားပါမယ်”

 ကျွန်တော် MMG အဖွဲ့ ကလူတွေနဲ့တော့ စကားပြောတာတော့ အဆင်ပြေပြီး သွားဖို့ရာ စိစဉ်ရဦးမည်။

ဘယ်လိုစီစဉ်ရတာလည်း ဆိုတော့ ကျွန်တော်ဇနီးကို စည်းရုံးရတာပါ။ ကျွန်တော် ဇနီးက

အင်တာနက်လည်း မသုံး တော့ MMG အဖွဲ့ရဲ့ နှစ်နှစ်ပြည့်သွား ရအောင်လို့ စည်းရုံးလျှင် ရမည် မဟုတ်။

ဒါကြောင့် ဘုရားဖူး သွားရအောင်ဆိုပြီး စည်းရုံးခဲ့ရပါသည်။ ကံကောင်းချင်တော့ ကျွန်တော် ဇနီးက

ကျိုက်ထီးရိုးဘုရား မဖူးဘူးတော့ ကျိုက်ထီးရိုးသွား ချင်နေတာဆိုတော့ သိပ်မစည်းရုံးခဲ့ရပါ။ ဒီလိုနဲ့

MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲတက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒါကြောင့်အင်တာနက်ထိုင်တာတေ

လျှော့ခဲ့ရပါသည်။  ဇနီးသည်နဲ့ သမီးနာမှာကပ်ပြီး အချိန်ပေး ဖားခဲ့ရတာပေါ့၊

ဘာကြောင့်လည်း ဆိုတော့ သူတို့ စိတ်ပြောင်သွားရင် ကျွန်တော်တက်ချင်တဲ့ MMG နှစ်နှစ်ပြည့်

တွေ့ဆုံပွဲ မတက်ရပဲနေမှာဆိုလို့ပါ။ ကျွန်တော်တို့ အိမ်ထောင်ကျလို့ ၇နှစ်ပြည့်ခဲ့ပါပြီး ခရီးမထွက်ဖူးပါဘူး။

ဒါကြောင့် ခရီးထွက်ရမှာ ဆိုတော့ စိတ်ထဲ တက်ကြွပျော်ရွှင်နေမိသည်။



ဒီလို့နဲ့ ပဲ တွေ့ဆုံပွဲရက်က နီးလာတော့ ကိုမင်းသူရိန်ကို ဖုန်းဆက်ပြီး စကားပြောခဲ့ပါသည်။

“အစ်ကို….ကျွန်တော်မိသားစုနဲ့ ဘုရားဖူးလာရင်း လာမလို့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပါ”

 “ ညီ…ဘယ်နေ့လောက်လာ မလဲ”

“အစ်ကို….၁၂ရက်နေ့လောက်လာမှာပါ”

“ညီရေ……၁၀ရက်၊၁၁ရက်လောက်လာခဲ့ပါလား၊ ဒါမှ ကျိုက်ထီးရိုးကိုစောသွားပေါ့ ၊ အပြန်မှ

တွေ့ဆုံပွဲတက်ပေါ့”

“ဟုတ်…အစ်ကို…..ကျွန်တော် ဇနီးနဲ့ တိုင်ပင်ပြီး အစ်ကိုဆီ ဖုန်းဆက်လိုက်ပါမယ်။”


ဒါနဲ့ပဲ ဇနီးကိုတိုင်ပင်ပြီး ၁၀ရက်နေ့ သွားဖို့ လက်မှတ်ဝယ်တော့လည်း ကိုမင်းသူရိန်၊ ကိုလင်းအောင်ပြည့်

၊မမေဇူး သူတို့ သုံးယောက်စလုံးဆီ ဖုန်းဆက် အကြောင်းကြားခဲ့ပါသည်။

မမေဇူးက “ကိုမင်းမင်းဇော် ရန်ကုန်ရောက်ခါနီးရင် ဖုန်းဆက်နော်…ကျွန်မတို့ ကိုလင်း အောင်ပြည့်

အိမ်မှာ အလုပ်လုပ်ရင် စောင့်နေကြမှာ” ဟုပြောခဲ့ပါသည်။ ဒီမှာပဲ အပျော်လွန်ပြီး

ရထားလက်မှတ်ဝယ်တော့ ညနေဝယ်တာ နံနက်နဲ့မှားဝယ်မိခဲ့ပါတယ်။ ကျွန်တော်တို့ သွားဖို့

၉ရက်နေရောက်တော့ ညက တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။


“အစ်ကိုရေ ထတော့လေ…..ကျွန်မ ထမင်းချက်လိုက်ဦးမယ်….လမ်းစားဖို့”

“အေးပါ….မိန်းမရာ ကို့ အိပ်မပျော်ပါဘူး၊ စိတ်လှူပ်ရှားလွန်းလို့ပါ။”

“ ကျွန်မလည်း ဒီလိုပဲ အရမ်းစိတ်လှူပ်ရှားတာပဲ”

ဒီလို့နဲ့ ခဏက MMG အဖွဲ့ ဝင်ဖြစ်ခဲ့ပုံ၊ MMG အဖွဲ့ နှစ်နှစ်ပြည့် တွေဆုံပွဲ တက်ဖို့ စီစဉ်ခဲ့ပုံတို့ကို

အတွေးရပ်လိုက်သည်။ လုပ်စရာရှိတာတွေလုပ်ဖို့ အိပ်ယာပေါ်က ထလိုက်သည်။

 …..မေတ္တာခရီး အစ……


နံက် 4:30 နာရီ မှာ အိမ်က ထွက်ခဲ့ကြပါသည်။ ဘူတာရောက်တော့ ရထားက 6:15 ထွက်ရမှာကို

မထွက်ဘဲ 10:00နာရီ မှ မန္တလေးက ထွက်ပါသည်။ ရထားပေါ်မှာ ကျွန်တော် အတွက် အတွေးများစွာနဲ့

အင်တာနက်မှာ ခင်ပြီး လူချင်မတွေ့ဖူးတဲ့ လူတွေနဲ့ တွေ့ရမှာမို့ စိတ်ထဲမှာတော့ တစ်မျိုးကြီး

စိုးရွံနေမိသည်။ ဒါပေမယ့် ပျော်လည်းပျော်မိသည်။


ကျွန်တော် မသွားခင်က မန္တလေးမှာ သူငယ်ချင်းတွေက MMG နှစ်နှစ်ပြည့်တွေ့ဆုံပွဲသွားမယ်

ပြောတော့ ပျက်ရယ်ပြုခဲ့ကြသည်။ “ မင်းမလို့ လူတွေလည်းမမြင်ဖူး၊ သူတို့အကြောင်းလည်း ဘာမှ မသိပဲ

၊မင်း ရူးနေပြီးလား။ “….သူတို့ပြောတာကို ကျွန်တော်ပြန်လည်းရှင်းပြလိုသောလည်း

ကျွန်တော်ကိုယ်တိုင်က ကိုယ်တိုင်မတွေ့ကြုံသေးဘူးတော့ ရှင်းပြဖို့ခက်ခဲ့ပါသည်။ ကျွန်တော်

စိတ်ထဲမှာတော့ မင်းတို့ကို အခု အင်တာနက် ခေတ်ကြီးမှာ အင်တာနက်မှာ လည်း

မိတ်ဆွေစစ်တွေရှိတယ် ဆိုတာပြချင်ခဲ့သည်။

“ အစ်မ ….ကျွန်တော်တို့ အခု ပဲခူး ဘူတာရောက်နေပြီး….အစ်မ”

“ဟုတ်ကဲ့…..ကိုမင်းမင်းဇော်……အားမနာနဲ့နော်……ရန်ကုန်ဘူတာဝင်ခါနီးရင်

ဖုန်းဆက်လိုက်ပါ……ဒီမှာက ကိုလင်းအောင်ပြည့် အိမ်မှာ အလုပ်လုပ်ရင် စောင့်နေတာပါ။”

“ဟုတ်ကဲ့…အစ်မ….ကျေးဇူးပါပဲဗျာ..”

ကျွန်တော် အရမ်းဝမ်သာမိတယ်၊ သူတို့လာကြိုမှ ကျွန်တော် အတွက် အဆင်ပြေမည် မကြိုရင်တော့

ဒုက္ခရောက်အုံးမည်။

“အစ်မ…ရန်ကုန်ဘူတာရောက်ခါနီးပြီး….အစ်မ”

“ဟုတ်ကဲ့…..ကိုမင်းမင်းဇော်……..အခုလာခဲ့ပြီးနော်”

နံက် 4:30 နာရီ မှာ ရန်ကုန်ရောက်ခဲ့ပါသည်။ ရန်ကုန်ရောက် ကိုမင်းသူရိန်၊ ကိုလင်းအောင်ပြည့်၊မမေဇူး

သုံးယောက်လာကြိုခဲ့ပြီး ကိုလင်းအောင်ပြည့် အိမ်မှာ သွားရောက်နာခဲ့ပါသည်။ အဲဒီရောက်တော့

ကျိုက်ထီးရိုးဘုရားဖူး သွားဖို့ အစ်မ မမေဇူးမှ ည 9:00 နာရီ ကားလက်မှတ်ဖြတ်ထားပေးပြီးဖြစ်ပါသည်။



ရန်ကုန်က ကိုလင်းအောင်ပြည့်အိမ်မှာ ရောက်တော့မှ ကိုမင်းသူရိန်၊ကိုလင်းအောင်ပြည့်၊မမေဇူး

တို့သုံးယောက်ရဲ့ နေ့ရော ညရောမအိပ်မနားပဲ MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲ အမှီ မဂ္ဂဇင်း

လုပ်နေတာတွေ့ရတော့ အံသြမိပါသည်။ ကျွန်တော်ဆိုလည်း သူတို့ သုံးယောက်လောက်

ပေးဆပ်နိုင်မည် မထင်ပါဘူး။ ကျွန်တော် အရမ်းအားနာမိခဲ့သည်။ မအားသည်ကြားက ကျွန်တော်ကို

ဂရုတစိုက် ဧည့်ဝတ်ကျေပြွန်ခဲ့ပါသည်။ အဲဒီနေ့ ည 9:00 နာရီမှာ ရန်ကုန်ကနေ ကျိုက်ထီးရိုးဘုရားဖူး

သွားခဲ့ပါသည်။ ၁၄ရက်နေ့ ညနေမှာ ရန်ကုန်ပြန်လာတော့ လပွတ္တာက ဆရာငြိမ်းစိုးဦး၊ကိုသတိုး

၊ကိုကြည်နိုင်၊ကိုမိုးမြင့် တို့ လေးယောက် ရန်ကုန်ရောက်လို့ ကားဂိတ်ကို ကိုကြီးက

သွားရောက်ကြိုခဲ့ပါသည်။ ကျွန်တော်တို့က ကိုလင်းအောင်ပြည့် အိမ်မှာ စောင့်နေခဲ့ကြသည်။ Multiply

မှာက ကျူံတိုင်းရွာ လို့ နာမည်ပေးထားတော့ ကျွန်တော်တို့က ကျူံတိုင်းရွာသားတွေလို့ ခေါ်ကြပါတယ်။

ကျူံတိုင်းရွာသားတွေ ရောက်တော့ ကိုလင်းအောင်ပြည့် အိမ်မှာ စည်းကာနေပါသည်။

ကိုလင်းအောင်ပြည့် အိမ်မှာ ကိုလင်းအောင်ပြည့်ကို မြူငှက်၊ကိုလင်းထက်တို့က လာရောက်

ကူညီပေးကြပါတယ်။ ကိုကြည်နိုင်ကလည်း ဝင်ရောက် ကူညီပေးခဲ့ပါသည်။


၁၅ရက်နေ ညမှာ မမေဇူးက ကျွန်တော်တို့ မိသားစုနဲ့ ကိုကြည်နိုင်တို့ အုပ်စုကို ညစားလိုက်ကျွေး

ခဲ့ပါသည်။ ဆိုင်ရောက်တော့ အားလုံး စကားပြောကြ စားကြသောက်ကြနဲ့ မိသားစု လက်ဆုံ ပွဲလေးပါပဲ။

အရမ်းပျော်ရွှင်ဖို့ ကောင်းခဲ့ပါသည်။အားလုံး ညမှာ ကိုလင်းအောင်ပြည့် အိမ်မှာ အိပ်ပြီး လုပ်စရာရှိတာ

ဝိုင်းလုပ်ခဲ့ကြပါသည်။



 နံက် 10:00 နာရီမှာ ကိုလင်းအောင်ပြည့် အိမ်မှာ စုခဲ့ကြပါသည်။ အားလုံး

တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာပြီး မိတ်ဆက်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ 11:00

နာရီကျော်တော့ MMG တွေ့ဆုံပွဲလုပ်မယ့် ဟိုတယ်ကို ကျွန်တော်တို့ သွားခဲ့ကြပါသည်။ …ရင်ထဲမှ

အမှတ်တရ… ကျွန်တော် ဟိုတယ်ခန်းမထဲ ဝင်တော့ ရင်တွေ အရမ်းခုန်နေပါတယ်။ အပျော်လွန့်လို့

အတိုင်မသိပါပဲ။ အားလုံးက တစ်ယောက် နဲ့ တစ်ယောက် မိတ်ဆက်ပြီး ငယ်သူငယ်ချင်းတွေ တွေ့သလို့

ခင်ခင်မင်မင် စကားလက်ဆုံကြပါတယ်။ ကျွန်တော် အပျော်လွန်း လို့ အားလုံးနဲ့ စကားလက်ဆုံ

ငယ်ပေါင်းကြီးဖော်တွေလို ပြောခဲ့ပါသည်။



ကျွန်တော် ဘဝမှာ MMG တွေ့ဆုံပွဲလောက် မိသားစု လိုနွေးထွေးတဲ့ ပွဲမျိုး မတက်ဖူးပါဘူး။

MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲပြီးတော့ ကျွန်တော် မန္တလေးကို ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်

ရင်ထဲမှာ တော့လွှမ်းသလို့ပါပဲ။ ကျွန်တော် အသက်ရှင်တဲ့ ကာလပတ်လုံး ဘဝမှာ အမြဲ အမှတ်ရနေမှာပါ။

နောင်လာ နောင်သားတွေကိုလည်း MMG အဖွဲ့လေးဟာ အင်တာနက်မှာ တွေ့ကြပေမယ့် မိသားစု

ဘဝလေးလို့ နွေးထွေးကြောင်း ပြောပြဖြစ်တော့မှာပါ။




ပျော်ရွှင်ချမ်းမြေ့ကြပါစေ ။


MMG နှစ်နှစ်ပြည့်တွေ့ဆုံပွဲ အမှတ်တရ

No comments: