လူတွေဟာ ဘဝကို နည်းမျိုးစုံ ရင်ဆိုင်ဖြတ်သန်းနေကြတာပါ။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အယူအဆ
တွေကို လက်ကိုင်ပြုနေကြတာပါ။ ဘဝကို ဘယ်လိုပဲ ဖြတ်သန်းဖြတ်သန်း အကောင်းဆုံးနည်းနဲ့တော့
ဖြတ်သန်း အနိုင်ယူသင့်ပါတယ်။ ဒီလိုဖြတ်သန်းရင် မိဘ၊ဆရာသမားတွေက ရှေ့ဆောင် လမ်းပြ
ပညာတွေသင်ကြားပေး ခဲ့ကြပါသည်။ ကျွန်တော်တို့ သူတို့ဆီက သင်ယူပြီ ဘဝကို လျှောက်လှမ်း
ကြရမှာပါ။
ကျွန်တော် အတွက်တော့ ဆရာဆိုတာ ဘာနဲ့မှ နှိုင်းယှဉ်မရတဲ့ ကျေးဇူးရှင်ပါ။ ဘာကြောင့်လည်းဆို
တော့ ကျွန်တော်ရဲ့ စိတ်ကို ထိန်းချုပ်ပေးနေတာကတော့ ဆရာရဲ့ ဒီစကားလုံးလေးတွေပါ။
တစ်နေ့ အလုပ်ကအား ဆရာကလည် "မင်းမင်းဇော်ရေ ဆရာနဲ့ အတူ လက်ဖက်ရည်သွားသောက် ရအောင်" "ဟုတ်ကဲ့ဆရာ" ...ကျွန်တော်နဲ့ဆရာအတူ လက်ဖက်ရည်ဆိုင်ထွက်ခဲ့ကြသည်။
လက်ဖက်ရည်ဆိုင်ရောက်တော့ ဆရာက ..."ကျွန်တော်ကို ပြောလိုက်တဲ့ စကားလုံးတွေပါ။
ကျွန်တော်ကို ဆရာက "မင်းမင်းဇော် တစ်ခါတစ်လေလူတွေက ဦးနှောက်ကို အလုပ်မလုပ်ဘူး"
"ငါပြောမယ်" " လူတွေက ဆင်းရဲတာ ၊ ချမ်းသာတွေကိုပြောနေကြတာ သူတို့က
ဦးနှောက်ကြသိပ် မသုံးကြဘူးကွ" " ဘယ်လိုမသုံးတာလည် ဆရာ" "အေးဒါဆို မင်းကို ငါမေးမယ်"
"ဟုတ်ကဲ့ဆရာ" "လူတိုင်းဟာ အလုပ်လုပ်တိုင်း ချမ်းသာလား။"
"ဟုတ်" " မချမ်းသာဘူး ဆရာ။" " အေး : "ဘာလို့လဲဆိုတော့" "ပန်ရံတွေ ၊ကူလီသမားတွေ၊
ဆိုက္ကားသမားတွေ သူတို့တွေဆို အလုပ်လုပ်တာ တော်တော် အလုပ်လုပ်နိုင်တယ် ဒါပေမယ် ချမ်းသာ
လား?" "ဟုတ် " "မချမ်းသာဘူး ဆရာ " " အေး " "အလုပ်လုပ်တိုင်း မချမ်းသာဘူးလေ။"
"အေး" " ဒါဆို လည်တိုင်းရော ချမ်းသာလား? " "လည်တဲ့ သူတွေကတော့ ပွဲစားတွေ ကြည့်လေ
လည်တာပြောမနေနဲ့ ဝီခေါ်နေတာပဲ ချမ်းသာလား?" " ဟုတ်" "မချမ်းသာဘူးဆရာ"
" သူတို့ဆို လည်တာပေါ့ မချမ်းသာဘူးလေ။ လူတိုင်းက ကံနဲ့ညဏ်နဲ့ပေါင်းမှ ချမ်းသာမှာ မင်းမှတ်ထားပါ။"
"ဟုတ်ကဲ့ " "မင်းရဲ့ အကျိုးပေးက ဘာလဲဆိုတာ လေ့လာတတ်ရမယ်။ ဒါမှ မင်းချမ်းသာမယ် "
တကယ်လို့ မချမ်းသာဘူးဆိုတောင် မင်းဘဝ အများထက်တော့ မနိမ့်ကျဘူး။"
ဆရာပြောတာကို သတိရလိုက်တာ ဆရာရယ်။
ဆရာပြောတဲ့ စကားတိုင်ဟာ ကျွန်တော် အတွက်တော့ အမြဲ မမေ့နိုင်စရာတွေ အများကြီးပါ။
"မင်း ဗမာလူမျိုးဆို သိက္ခာ မကျစေနဲ့ကွာ" "ဟုတ်ကဲ့" " မင်းကြည့်လေ တချို့ လူတွေက
အမြဲစဉ်စားနေကျတာက ဒီကရရင်ဘာလုပ်မယ် ဟိုကရရင် ဘာလုပ်မယ်ပေါ့။"
"အမြဲစိတ်ကူးနဲ့ အိမ်ဆောက် နေကြတာလေကွာ " "အဓိကကတော့ အမွေပေါ့  မိဘအမွေပေါ့
ဒီအိမ်ရောင်းရရင် ၊ဒီခြံရောင်းရ ရင်ဘာလုပ်မယ်ဆိုတာက သူတို့ရဲ့စိတ်ကူးယဉ်မျှော်လင့်စောင့်
စားနေတာကို လိုက်ပြီ " " မင်း လိုက်ပြီး မလုပ်မိစေနဲ့ပါ။" "ဟုတ်ကဲ့ပါဆရာ ကျွန်တော်မှတ်ထားပါမယ်"
"အေး" "ငါတပည့် မင်းဟာ တကယ်ကြိုးစားမယ်ဆို ပန်ရံဖြစ်ရင် ပန်ရံဆရာဖြစ်အောင်လုပ်ပါ"
"လက်သမားဖြစ်ရင် လက်သမားဆရာဖြစ်အောင်လုပ် " " ဒါမှ ဘဝကို မင်း အနိုင်ယူနိုင်မှာ"
ကျွန်တော် အတွက်တော့ တစ်ဘဝလုံး အသက်ရှင်နေ သရွေ့ ဆရာရဲ့ စကားတွေကတော့
ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး ဆရာရယ် ။ မေ့လည် မမေ့ပါဘူး ဆရာရယ်။
ဆရာရဲ့ ကျေးဇူးတွေက ဘယ်လိုဆက်လို့ကုန်မှာလည်း ဆရာ။
ဒါကြောင့် လမ်းသွားရင်ဖြစ်ဖြစ် ညအိပ်ယာဝင်လို့ပဲဖြစ်ဖြစ် ဆရာကို အမြဲ မေတ္တာပို့ ကန်တော့
ပါတယ်ဆရာ။ ဒီဘဝ အလင်းရောင်တွေကို ဆရာမပြခဲ့ရင် ကျွန်တော် ဘဝက ဘယ်လိုရင်ဆိုင်
ရမလဲ မသိပါဘူးဆရာ။ ဆရာစကားတွေဟာ ကျွန်တော် ဘဝ အတွက် အလင်းရောင်လည်းဟုတ်
သလို ဘဝရဲ့ ခွန်းအားလည် ဖြစ်ခဲ့ပါတယ် ဆရာ။
လူတိုင်း ကျွန်တော်လိုပဲ ဘဝကို အလင်းရောင်လေးနဲ့ ခွန်အားလေးတွေ ဖြစ်စေချင်ပါတယ်
မင်းမင်းဇော်
No comments:
Post a Comment