Pages
3/6/12
ပျိုမေတို့ အတွက် ငှက်ပျောသီး
ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာအတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။
အမြင်အာရုံ
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
ပျို့အန်ခြင်း
အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။
လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။
အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။
အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။
ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။
ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။
ကလေးများအတွက်
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
 ငှက်ပျော်သီးတွေဟာ  ယေဘုယျအားဖြင့်တော့ အာနိဒင်တူညီကြပါတယ်  ထို့ကြောင့်အဆင်ပြေပြေရနိုင်တဲ့အသီးကိုအသုံးပြုနိင်ပါတယ်။
မသိသူကျော်သွား သိသူဖော်စားတဲ့  ကျွန်မတို့သရေစာအဖြစ်နေ့တိုင်း စားနေတဲ့ငှက်ပျော်သီးဟာ ဒီလိုအစွမ်းရှိတယ်ဆိုတာ
သိသူရှိသလို မသိသူတွေလည်းရှိပါတယ်။  မသိသူတွေအတွက်  တင်ပြလိုက်ခြင်းဖြစ်ပါတယ်
စိတ်ဓါတ်ကျနေချိန်မှာ ဖတ်ကြည့်လိုက်ပါ (အရမ်းတန်ဖိုးရှိတယ်နော် သူငယ်ချင်းတို့)
တလောကပေါ့ လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။
လုပ်ငန်းကလဲရပ် အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာ
ပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ တော်တော် သောက်သုံးမကျတဲ့ ကောင်ဆိုပြီး
စိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်။ ခံနိုင်ရည်က
မဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး ဖြစ်နေပြန်တယ်။
ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . .
တနေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက် သွားရအောင်တဲ့
သွားလေဆိုပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့ အဖေက
သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ ဘာညာပေါ့။ ကျွန်တော်လဲ ပျင်းတာနဲ့
အပင်အရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ် ဘေးနားကနေ
ကလေးတစ်ယောက်က လာခေါ်တယ် ရုတ်တရက် နားမလည်ဘူး သူခေါ်လိုက်တဲ့ အသံကို ဘာတဲ့
“ဘောကျိ” တဲ့ ကျွန်တော်လဲ ပြန်မေးလိုက်တယ် ဘာလဲဆိုတော့ ဘေးက အဖေ့သူငယ်ချင်းက
ရှင်းပြတယ် “ဘောစိ (Boss)” လို့ခေါ်တာတဲ့။ သြော်ဒါနဲ့ ပြုံးမိတယ်။
ဘာတုန်းဆိုတော့ “အနော်ကားဆေးပေးမယ်နော်တဲ့” လူက လေးနှစ်သာသာလောက်ရှိဦးမယ်။
ကျွန်တော် ဘာမှ မပြောပဲ ကြည့်နေလိုက်တယ်။ အဖေ့သူငယ်ချင်း မေးတယ်
“မင်းကားဆေးမှာက ဟုတ်ပါပြီ ပြီးရင် မုန့်ဖိုးတောင်းမှာလားတဲ့” ဟိုကလေးက “ဟီး
ဟီး အနော်က ခင်လို့ ဆေးပေးမှာပါတဲ့” ဒါနဲ့ ဟိုက ဆက်ပြောတယ်
“မင်းထမင်းစားပြီးပြီလားဆိုတော့
” ကိုယ့်ဆရာက ဗိုက်ကလေးပွတ်ပြီး မစားရသေးဘူးတဲ့ ကျွန်တော် နာရီကြည့်လိုက်တော့
ညနေ ၃ နာရီလောက် ရှိတော့မယ် ဒီအချိန်ထိ ဒီကလေး ထမင်းမစားရသေးဘူးဆိုတော့ ရင်ထဲ
ချိသွားတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို လှမ်းခေါ်ပြီး
မုန့်တစ်ပွဲမှာလိုက်တယ်။ လာပို့သွားတယ် ဟိုကလေးကတော့ ကားဘီးတွေကို ရေဆေးနေတယ်။
ကျွန်တော် ကြည့်နေရင်းက သူ့ကိုလှမ်းခေါ်လိုက်တယ်။
“ဘောကျိ ဘာခိုင်းမလို့လဲ”
“မခိုင်းပါဘူးကွာ မင်းကို မုန့်စားခိုင်းမလို့”
“ဒါတွေ စားရမှာလား”
“အေး စားလိုက် မင်းဖို့ မှာထားတာ” ချာတိတ်က ချက်ခြင်းမစားသေးဘူး အဖေ့
သူငယ်ချင်းကို လှမ်းကြည့်တယ်။ ဟိုက စားလေကွာဆိုတော့ စားတယ်။ စားလိုက်တာ အကုန်ပဲ
ဆာနေမှာပေါ့လေ။ စားပြီးတော့
“အား . . . ဗိုက်ဝသွားတာပဲ” ကျွန်တော်ပြုံးမိတယ်။ ပြီးတော့ ကားဘီးတွေ
သွားဆေးနေတယ်။ ကားလေးဘီးလုံးကို သူ့အရွယ် ငယ်ငယ်လေးနဲ့ လိုက်ဆေးနေတယ်။
ကျွန်တော် မနေနိုင်တော့ဘူး ထားလိုက်တော့ ပြီးပြီ တော်တော် သန့်သွားပြီဆိုပြီး
ပြောလိုက်တော့ ရတယ် ဘောကျိ ရတယ်ဆိုပြီး လုပ်နေတယ်။ ခနနေတော့ ကျွန်တော်
ချက်ခြင်း ရပ်ခိုင်းလိုက်တယ် ပြီးတော့ မုန့်ဖိုး ၁၀၀၀ ထပ်ပေးလိုက်တယ်။
အဖေ့သူငယ်ချင်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို
မေးလိုက်တယ်။ ဒီကလေး ဘယ်ကလဲဆိုတော့။
“ဒီလိုပဲကွ ဒီမှာလာပြီး ရေသန့်ပုလင်းတွေ ကောက်တဲ့ မိသားစုထဲက”
“အင်း . . . ”
“အဲဒီ့ ကလေးက တနေ့ကို ပိုက်ဆံ ၅၀၀ ရအောင် ရှာရတယ် မရရင် မပြန်ရဘူးကွ”
“ဗျာ . . .”
“ဟုတ်တယ် ဒီကောင် တခါ ညနေ ၇ နာရီကျော်နေလို့ မပြန်သေးလို့ မေးကြည့်တာ ၄၀၀
ပဲရသေးလို့ ဆက်နေရတယ်တဲ့ အဲဒါ လိုတဲ့ ပိုက်ဆံကို ချက်ခြင်းပေးပြီး သူ့မိသားစုပါ
ခေါ်ပြောလိုက်ရသေးတယ်”
“ဟာ ဗျာ . . . ”
“မဟာနဲ့ဦးဟေ့ တခါတလေ ဒီကောင်က လက်ဘက်ရည်ဆိုင်မှာ ခုံလေးတွေ ဆက်ပြီး အိပ်တာ”
“ဟူး . . . မောတယ်ဗျာ ကြားရတာ”
“သူ့အသက်က ၄ နှစ်သာသာပဲ ရှိဦးမယ် ဒီအရွယ်လေးနဲ့ လောကဓံကို ခံနေရပြီ”
“အဲဒီ့ ကလေးတွေကို စောင့်ရှောက်ဖို့လိုတယ် ဦးလေး ကျွန်တော် ဒါမျိုးတွေတွေ့ရင်
မခံစားနိုင်ဘူး”
“အေးပေါ့ကွာ ငါတို့လဲ အဲဒါကြောင့် ထမင်းစားလဲ ခေါ်ကျွေး ပိုက်ဆံဆိုလဲ ပေးပေါ့
ဒီလိုပဲ နေနေရတာပဲ *သိပ်လဲ မပေးရဲဘူး အကျင့်တွေ ပျက်ကုန်မှာစိုးတယ်
အလကားမပေးတာကို ပြောတာ ခိုင်းချင်လို့ ခိုင်းနေတာ မဟုတ်ဘူး
ငွေတန်ဖိုးနားလည်အောင် အလုပ်ကလေးသိအောင် ခိုင်းတာ ဘယ်ခိုင်းရက်ပါ့မလဲကွာ
ဒီအရွယ်လေး ဒါကြောင့် သူနဲ့ တန်တဲ့ ရေသန့်ဗူးလေး ဝယ်ခိုင်းတာ ဘာညာပဲ ခိုင်းတယ်။
ပိုက်ဆံ ဒီအတိုင်းပေးရင် သူတောင်းစား ဖြစ်သွားမှာစိုးလို့ ငွေကို
တောင်းတိုင်းရရင် သူတောင်းစားဖြစ်သွားမှာစိုးတယ်*
ငါ့တူရ အဲဒါကြောင့်”
“ဟုတ်ပါတယ် ကျွန်တော် ဒါကို လက်ခံတယ်။ ဒါပေမယ့်ဗျာ သူ့ဘဝကို ကြည့်ရတာ
အဆင်မပြေဘူး စိတ်ထဲ မကောင်းလိုက်တာ”
“ဒါကတော့ ငါ့တူရယ် ဒီလိုပဲ သူ့လို ကလေးမျိုး တို့နိုင်ငံမှာ အများကြီးပဲ
မင်းသိတဲ့အတိုင်းပဲ”
“အင်း . . .”
ကျွန်တော် ဘာမှ ဆက်မပြောဖြစ်တော့ဘူး။ ခနနေတော့ ညနေစောင်းသွားပြီး ဟိုကလေးကတော့
ကျွန်တော့်နားမှာ ဆော့နေတယ် ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ “ဘောကျိ နက်ဖန်
လာဦးမှာလားတဲ့” အေးကွာလို့ တိုတိုတုတ်တုတ်ဖြေပြီး သူ့ခေါင်းလေးကို ပွတ်ပြီး
နှုတ်ဆက်လိုက်တယ်။ လူက စွပ်ကျယ်အကြီးကြီးဝတ်ထားတယ် နှပ်ချီးကတွဲလောင်းနဲ့ ဒါနဲ့
ကားထဲက တစ်ရှူးထုတ်ပြီး နှပ်သုတ်ပေးလိုက်တယ်။ ပြီးတော့ ကားပေါ်မှာပါတဲ့
အရုပ်ကလေးတစ်ရုပ်ပေးဖြစ်လိုက်တယ်။ အဖေကတော့ ဘာမှ မပြောဘူး ကျွန်တော့်ကိုပဲ
ကြည့်နေတယ်။ သားအဖနှစ်ယောက်လမ်းပေါ်မှာ စကားမပြောဖြစ်ဘူး။ အိမ်ပြန်ရောက်ပြီး
သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်တော့ လာခဲ့လေဆိုပြီး ပြောလိုက်တယ်။ သူငယ်ချင်းတွေ
ရောက်လာတော့ ဟိုပြောဒီပြောနဲ့ ဘီယာဆိုင်ရောက်သွားတယ်။ စမ်းချောင်းက ယူနန်ပေါ့
ထုံးစံအတိုင်းပေါ့။ စိတ်ကညစ်နေတော့ သောက်ပြီးရင်သောက်လေ့ရှိတာကိုး။ ကားပါကင်
အထဲမှာ မရတော့အပြင်မှာ ရပ်လိုက်တယ်။ ကားပေါ်က ဆင်းတော့ “ဘောကျိ” ဆိုပြီး
ခေါ်သံကြားလို့ ကြည့်လိုက်တာ လားလားလား ညနေက ဆရာသမားဖြစ်နေတယ်။ “ဟေ့ကောင်
မပြန်သေးဘူးလား ဆိုတော့” ပြန်မှာတဲ့ သူ့အမေကို စောင့်နေတာတဲ့။ ခပ်လှမ်းလှမ်းမှာ
ရေသန့်ဗူးတွေ ကောက်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်တယ်။
ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော့်ကို ငေးနေတယ်။ ပြီးတော့
ချာတိတ်ထွက်သွားတယ်။ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်လာတယ်။
ဆိုင်ထဲမှာထိုင်နေရင်းနဲ့ ဘီယာမှာတယ် သောက်မယ်ပေါ့။ သူငယ်ချင်းက မေးတယ်။
ကျွန်တော် ပြောပြလိုက်တယ် ညနေက အဖြစ်အပျက်ကို အကုန်လုံး တိတ်သွားတယ်
ဆက်မပြောတော့ဘူး။ ဘီယာ လာချပေးတယ်။ ကျွန်တော် သူငယ်ချင်းတွေကို ပြောလိုက်တယ်။
“ငါတို့သောက်တာ တိုက်ဂါး တစ်လုံး ၁၃၀၀ ပေးရတယ် တနေ့ကို တစ်ယောက် ၅
လုံးလောက်သောက်တယ်။ စဉ်းစားကြည့်ရင် ဟိုကလေးအနေနဲ့ဆို ဘယ်နှစ်ရက်သုံးလို့ရမလဲ”
အဲဒီ့လိုလဲ ပြောလိုက်ရော ဘယ်ကောင်မှ မလှုပ်တော့ဘူး ကျွန်တော်ကိုယ်တိုင်လဲ
မြိုမကျတော့ဘူး အဲဒီ့နေ့က ဘီယာ တစ်ခွက်စီလောက်ပဲသောက်တယ် တိုင်ပင်စရာ မလိုဘူး
ပြန်မယ်ဆိုပြီး ထပြန်တယ်။ စိတ်ထဲမှာလဲ တနေ့ကို ငါးရာ ရှာရတယ်ဆိုတဲ့
ဟိုချာတိတ်ကိုပဲ မြင်နေမိတယ်။
ကျွန်တော်တို့ တနေ့ကို ငွေဘယ်လောက် ဖြုန်းတီးမိပြီလဲ ကျွန်တော်တို့
ဖြုန်းတဲ့ငွေတွေနဲ့ ကျွန်တော်တို့ လူတွေ ဘယ်လောက်ကယ်နိုင်မလဲ ခင်ဗျားတို့
စဉ်းစားကြည့် အသက်က ၄ နှစ်ကျော်ကျော် တနေ့ ငါးရာ တဲ့ စဉ်းစားစမ်းဗျာ။ ကျွန်တော်
ကိုယ့်ဘာသာစိတ်ဓါတ်ကျတာလဲ ပျောက်သွားတယ်။ အဲဒီ့ကလေးရဲ့ အားမာန်တွေ
ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ သူနေတတ်တယ် နေပျော်အောင်နေတယ်။
အရွယ်နဲ့သောကမမျှဘူး ဒါပေမယ့် လောကဓံကို ခံနိုင်တယ်။ ကျွန်တော်တို့ ဘာလို့
မခံနိုင်ရမှာလဲ နောက်တစ်ခု ကျွန်တော် ငွေကို ပိုရှာဖို့ လိုလာတယ်။ ဟုတ်တယ်
ပိုက်ဆံရှိရင် ခုနကလို ကလေးတွေကို အများကြီး ပြုစုစောင့်ရှောက်လို့ရမယ်။ ကဲ
စဉ်းစား။ *ခင်ဗျား တစ်နေ့ ဘယ်လောက်သုံးနေသလဲ ဘယ်လောက်ဖြုန်းနေလဲ ခင်ဗျား
စိတ်ဓါတ်ကျစရာက ဘယ်လောက်ကြီးသလဲ စဉ်းစား*။ ကျွန်တော်တော့ စဉ်းစားလို့ပြီးပြီ
ကျန်တဲ့သူတွေ ဆက်စဉ်းစားစေချင်တယ်။ ဒါပါပဲဗျာ အခုလို ပြန်ပြောရတာတောင်
မောလှပြီ။ နားထဲမှာ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း “ဘောကျိ” ဆိုတဲ့ သူ့အသံပဲ
ကြားကြားနေတယ်။
ခံယူချက်လေးတော့ ထားစေချင်တယ်
လူတွေဘာကြောင့် ဆင်းရဲ ချမ်းသာ ကွာခြား သလည် ဆိုတော့ လူတစ်ယောက်ဟာ ဘဝကို ရင်ဆိုင် အနိုင်ယူဖို့ခံယူချက် စိတ်ဓါတ် ပြင်းဖို့လို့ပါသည်။ စိတ်ဓါတ်ပြင်းပြသူနဲ့ စိတ်ဓါတ်မပြင်းသူက ဘဝကို ရင်ဆိုင်တဲ့ အခါ အဆင်ပြေတာ မပြေတာ ကွာဟပါသည်။
လူတွေက မချမ်းသာရင် ကံမပါဘူးလို့ ထင်နေတာပါ။ ဆင်းရဲတော့ ဘဝပေးကုသိုလ်ကြောင့်လို့ ပုံချ နေကြတာဖြစ်ပါသည်။ ဆင်းရဲတာ စိတ်ဓါတ် ခံယူချက် အားနည်းလို့ ကျွန်တော် ထင်တယ်ဗျာ။ ဒါကတော့ ကျွန်တော် အမြင်ပါ မှားရင်လည် မှားနိုင်ပါတယ်။ အလုပ်လုပ်နေရင် အနေအထိုင် အစားအသောက် မဆင်းရဲ နိုင်ဘူးလို့ထင်ပါတယ်။
အလုပ်တစ်ခု လုပ်နေရင် ထမင်း မငတ်ပါဘူး။ ဒါပေမယ် ကိုယ်လုပ်တဲ့ အလုပ်ကို တာဝန် ဝတ္တရား အရ မ
ဟုတ်ပဲ စေတနာ မေတ္တာအပြည့် နဲ့တော့ လုပ်ဖို့လိုပါသည်။ ဈေးသည် ၊ စက်ပြင်ဆရာ ၊ လက်သမား ၊ ပန်းရံ
စသည် အလုပ်လုပ်နေကြတဲ့ လူတွေမှာ စေတနာ မေတ္တာအပြည့်နဲ့ လုပ်တဲ့လူနဲ့ မလုပ်တဲ့လူ ကွာဟပါတယ်။
အဆင်ပြေမှုနဲ့ နာမည်ကြီးမှုတွေက အဆင့်ကွာခြားစေတာပါ။
အစားအသောက် ရောင်းတဲ့ ဈေးသည်က ကိုယ်ရောင်းတဲ့ အစားအစာကို မြည်းစမ်းကြည့်ဖို့လိုပါတယ်။ ကိုယ်အနေနဲ့ကောင်းမှ အဆင်ပြေမှ ရောင်းတာဟာ စားသုံးသူတွေကိုလည် အဆင်ပြေစေပါတယ်။ မရှိလို့ရောင်းတာပြသနာ မဟုတ်ပေမယ်၊ မတတ်လို့ရောင်းတာ တော့မကောင်းပါဘူး။ စာသုံးသူတွေကို အဆင်မပြေသလိုကိုယ်အတွက်ပါ အဆင်မပြေပါဘူး။
ဥပမာ.ဆိုင်ကယ်ပြင်တဲ့ ဆရာတစ်ယောက်ဆို ကိုယ်ဆီရောက်လာပြီ ပြင်တဲ့သူကို နောင်လည်းပြင်ချင်အောင်
လုပ်တတ်ရမှာပါ။ ဆိုင်ကယ်ပြင်ဆရာတိုင်း ဆိုင်ကယ်ပြင်တတ်ကြပါတယ်။ ဒါပေမယ် ကိုဆီလာပြင်တဲ့ သူကို
စိတ်ကျေနပ်မှုက ကွာတာပါ။ လူတစ်ယောက် ဆိုင်ကယ်လာပြင်ရင် " အစ်ကို ဘာဖြစ်လို့လည် ဘာအကူညီ
ပေးရမလည်" ခရီးဦးကြိုလို သူပြင်ခိုင်တာ အပြင် ကိုယ်ဘက်က တပည့်တွေကို မင်းတို့ နတ်တွေလျှော့နေ
လား ၊ ချိန်လျှော့နေလား စစ်ခိုင်း လုပ်ပေးရန်လို့ပါသည်။ ဒါမှ ကိုယ်ဆိုင်လာပြင်တဲ့သူကို စိတ်ကျေနပ်မှု ပေး
နိုင်သလို့ ကိုယ်အတွက်လည် ဖောက်သည် တိုးနိုင်ပါတယ်။
ဆိုင်ကြီးတွေ ဘာကြောင့်နာမည်ကြီး သလဲ။ ဘာကြောင့် လူတွေ စီနေတာလည် ဆိုတော့ ကိုဆီလာတဲ့ လူ
ကို စိတ်ကျေနပ်မှု ပေးနိုင်လို့ပါ။ ကိုယ်ဘာလုပ်လုပ် တစ်ဖက်လူကို စိတ်ကျေနပ်မှု ပေးနိုင်တယ် ထင်မှ လုပ်တာအကောင်းဆုံးပါ။ ကိုမတတ်တဲ့အလုပ် မကျွမ်းကျင်တဲ့ အလုပ် မလုပ် တာပိုကောင်းပါတယ်။ လုပ်ရင်လည် သေချာလေ့လာပြီးမှ လုပ်ပါ။
အစားသောက်ရောင်းသူ ၊ စက်ပြင်ဆရာတွေ တင်မကပါဘူး။ လုပ်အားဖြင့် အလုပ်လုပ်သူတွေလည် အလုပ်
ရှင်နှင့် အလုပ်သမား စေတနာ မေတ္တာ ထားတတ်ဖို့ လိုပါတယ်။ အလုပ်သမား တစ်ယောက်လုပ်ရင် အလုပ်
ပေါ် စေတနာ အပြည့်ထားတတ်မှ ကိုယ်ဘဝ အဆင်ပြေသလို နာမည်ကောင်းလည်းရမှာပါ။
လူတစ်ယောက်ဟာ ဘဝမှာ အလုပ်လုပ်ရင် စေတနာ မေတ္တာနဲတင်ဆို နာမည်ကောင်းနဲ့ အဆင်ပြေမှုပဲရမှာ
ပါ။ တိုးတက်မှုပါ လိုချင်ရင် စိတ်ဓါတ်ပြင်းပြဖို့ လိုပါတယ်။ ငါ ပန်းရံလုပ်ရင် ပန်းရံဆရာတစ်ယောက် ဖြစ်အောင် လုပ်မယ်။ လက်သမားလုပ်ရင် လက်သမား ဆရာဖြစ်အောင် လုပ်မယ်။ ဒီလို ခံယူချက် စိတ်ဓါတ်
ပြင်းဖိုလိုအပ် ပါတယ်။ ဒီလို မှ မဟုတ်ရင် သူများလက်အောက်မှာ ခိုင်းတာလုပ်ရမှာပါ။ ဘဝမှာ အဆင်ပြေယုံ
ကလွဲပြီ မတိုးတက်ပါဘူး။
ဘာအလုပ် လုပ်လုပ် စေတနာထားလုပ်တာဟာ ကိုယ်အတွက် အကျိုးမယုတ်ပါဘူး။ စေတနာထားပြီ လုပ်
ပေးရင် ဘယ်သူမဆို သဘောကျ ကြိုက်နှစ်သက်ပါသည်။ ကိုယ်ကလည် စေတနာရဲ့ အသီးပွင့်တွေက ကို့ရဲ
ဘဝကို အမြင့်ကို ခေါ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ကျွန်တော် အမြင် ဆင်းရဲချမ်းသာ ကွာဟမှုမှာ (၂)ချက်တွေ့ပါတယ်။
(၁) စိတ်ဓါတ် ခံယူချက် ပြင်းပြမှု အားနည်းတာ
(၂) ဝင်ငွေ နဲ့ ထွက်ငွေကို မချိန်ကိုက် တတ်တာရယ်
ဒီ(၂)ချက်လို့ ကျွန်တော် ထင်ပါတယ်။
(၁) စိတ်ဓါတ်ခံယူချက် ပြင်းပြမှုဆိုတာ
လူတွေက သူတို့လိုချင်ရာကို အမြဲ ယူတတ်ကြပါတယ်။ ဥပမာ..လက်ပတ်နာရီတစ်လုံးလိုချင်တယ် လို စိတ်
ကူးရှိရင် ရအောင် ဝယ်ဖို့ စိတ်ဓါတ်ပြင်ပြဖို့ လို့ပါတယ်။ ပြင်းပြမှလည် ရအောင် ဝယ်မှာမဟုတ်လား။ ဒီလို့ပါပဲ
အမြဲ စိတ်ထဲကို စိတ်ဓါတ်ပြင်းပြမှု ခံယူချက်ကို ရိုက်မသွင်းထားလို့ပါ။ အမြဲရိုက် မသွင်းပဲ ရောင့်ရဲပြီ နေထိုင်
ကြလို့ပါ။
(၂)ဝင်ငွေ နဲ့ ထွက်ငွေ ကိုမချိန်ကိုက်တတ်တာရယ်
ဒီနေရာ ကျွန်တော်တို့ ရပ်ကွက်အတွင်းရှိ ဆင်းရဲသားအများစုနှင့် နှိုင်ယှဉ်ချင်ပါတယ်။
ဝင်ငွေနဲ့ထွက်ငွေ ကိုမချိန်ကိုက် တတ်တာဟာ အမြဲလို အပ်ချက်ကိုဖြစ်စေပါတယ်။ ကျွန်တော်တို့ မြန်မာလူ
မျိုတွေ အတွက် ဒီအချက်က အမြဲဂရုမစိုက်တတ်ကြပါ။ မရှိဆင်းရဲသား အများစုက လက်ဖက်ရည် နှစ်ခါ သုံး
ခါသောက်ပါတယ်။ နှစ်လုံး သုံးလုံး ထိုးပါတယ်။ ဒါတွေက သူတို့ အတွက် အဆင်မပြေမှုကို ဖြစ်စေတာပါ။
တစ်နေမှ နှစ်ထောင်ဝင်တဲ့ မိသားစုက လက်ဖက်ရည်သောက် နှစ်လုံး သုံးလုံးထိုးနေတော့ အဆင်မပြေ
တော့ဘူး။ ဒါကြောင့် ဝင်ငွေ နဲ့ ထွက်ငွေ ချိန်တတ်ဖို့ သူတို့ အတွက်လိုအပ်ပါတယ်။
လူတိုင်းစိတ်ဓါတ် ခံယူချက်ပြင်းပြီ ဝင်ငွေနဲ့ထွက်ငွေ ချိန်တတ်ရင် မချမ်းသာရင်တောင် သာမန် အေးအေးချမ်းချမ်း ဘဝလေးတော့ ပိုင်ဆိုင်နိုင်မယ် ကျွန်တော် ထင်ပါတယ်။ ဒါတွေ အားလုံးက ကျွန်တော် အမြင် ကျွန်တော့် အတွေးဖြစ်ပါသည်။ ကျွန်တော် အမြင်မှားလည် ခွင့်လွတ်ပါ။
အားလုံးပဲ ဘဝကို အနိုင်ယူကျော်ဖြတ်ပြီ အေးချမ်းပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ပါစေ။...။
မင်းမင်းဇော်
အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့ရတဲ့ MMG
အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့ရတဲ့ MMG
“အစ်ကို “…….. “အဝတ်အစားတွေသေချာထည့်ပြီးပြီလား?”
“အော်……..အေး…..မိန်းမ ထည့်ပြီးပြီ..”…….
 “အစ်ကို……..ရှင်ဘာတွေတွေးပြီး ပြုံးနေတာလဲ?..”……..
”ရှင့်ကြည့်နေတာ…တစ်ယောက်ထဲပြုံးနေတာပဲ”
“ ဟုတ်တယ်…..မိန်းမ……MMG အကြောင်းစဉ်းစားနေမိလို့ပါ။…
” “အစ်ကို….တစ်ခြားဟာတွေ ပါမပါစစ်လိုက်ပါဦး…….အစ်ကိုရေ”
“အေးပါ…..မိန်းမ ကို့ စစ်လိုက်မယ်”
ကျွန်တော် ဇနီးပြောလည်း ပြောချင်စရာ ကျွန်တော် MMG အဖွဲ့အကြောင်း စဉ်းစားနေမိတာကို
ကျွန်တော် အင်တာနက် စသုံးတတ်တော့ Multiply မှာ ဆိုက်ကလေးလုပ်လို့ စတင် အသုံးပြုခဲ့ပါသည်။
ကျွန်တော်က ကဗျာ၊ဝတ္တု တွေကမရေးတတ် ၊နည်းပညာက မကျွမ်းကျင် ဒီတော့ ကျွန်တော် အတွက်
ရေးစရာ စဉ်စားရ အရမ်းခက်ခဲ့ပါသည်။ ဒီအချိန်မှာ ကျွန်တော်က ကျန်းမာရေး သိပ်မကောင်းပါဘူး။
အဲဒါကြောင့် ကျန်းမာရေး အတွက်ရေးရန် အကြံရခဲ့ပါသည်။ ဒီနေရာမှာ ကျန်းမာရေး အတွက် ရေးရန်
၊ကျွန်တော် စဉ်းစားမိတာကတော့ မြန်မာဆေးမြီးတိုတွေရေးရန် ဆုံးဖြတ်ခဲ့ပါသည်။
ဆေးမြီးတိုတွေရေးရန် ကျွန်တော် ဆေးမြီးတိုစာအုပ်တွေ စု ၊ လူကြီး သူမတွေက ပြောပြသော
ဆေးနည်းတွေစု မြန်မာဆေးကျမ်းတွေဝယ်ရနဲ့ စုဆောင်းပြီး လေ့လာခဲ့ရပါသည်။ ဒီလိုနဲ့ Multiply မှာ
ဆေးမြီးတိုဆိုက်ကလေးမှာ စပြီး မြန်မာဆေးမြီးတိုများကို ရေးခဲ့ပါသည်။ ကျွန်တော် Multiply မှာ
တစထက် တစ မိတ်ဆွေပေါများ ခဲ့ပါသည်။ အကုန်လုံးက ညီအစ်ကိုလို ခင်နေကြပေမယ့် လူချင်က
မမြင်ဖူး ပါဘူး။ ဒါကြောင့် Multiply သုံးစွဲသူတွေ အချင်းချင်း ပရဟိတလည်းလုပ် စည်းစည်းလုံးလုံးရှိရန်
MMG အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါသည်။ MMG အဖွဲ့က တစ်လပြည့်၊တစ်နှစ်ပြည့် တွေ့ဆုံပွဲတွေ
ပြုလုပ်ခဲ့ပါသည်။ အခုလည်း ၂နှစ်ပြည့် ပြုလုပ်မည်ဖြစ်သည်။ ဒါကြောင့် ကျွန်တော်ကိုလည်း
တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဒီမှာပဲ လပွတ္တာက ကိုကြည်နိုင်နဲ့ ညီအစ်ကိုလို့ ခင်မင်ရင်းနှီးတော့
ကျွန်တော်ကို ကိုကြည်နိုင်က MMG တွေ့ဆုံပွဲကို အတူတူတက်ရောက်ရန် ခေါ်ပါသည်။
”ကိုမင်းမင်းဇော်ရေ….MMG နှစ်ပြည့် တွေ့ဆုံပွဲကို အတူတူတက်ရအောင်ဗျာ”
 “ အစ်ကို…..ကျွန်တော် တက်ချင်ပါတယ်……ဒါပေမယ့် ကျွန်တော် ရန်ကုန်ကို မရောက်ဖူးဘူး၊ ပြီးတော့
ရန်ကုန်က အသိမိတ်ဆွေက မရှိဘူး…….အစ်ကိုရေ”.. “ကိုမင်းမင်းဇော်ကလည်း ကျွန်တော်တို့လည်း
ဆွေမျိုးလည်းမရှိ၊ အသိမိတ်ဆွေ မရှိပါဘူး။ MMG အဖွဲ့က လူတွေပဲ သိတာပါ။”
“တစ်ခုတော့ရှိတယ်…..ကျွန်တော်က MMG အဖွဲ့က လူတွေ မြင်ဖူးတယ်ဗျ…..MMG အဖွဲ့က
ကျွန်တော်တို့ လပွတ္တာကို လာပြီး အလှူလုပ်ဖူးတယ်လေ” “ဟုတ်….အစ်ကို ကျွန်တော်က မမြင်ဖူးတော့
လာရမှာ မဝံမရဲဖြစ်နေမိတယ်” “ အဲဒါအတွက် စိတ်ထဲမထားနဲ့ဗျာ…..လာခဲ့ပါ။ အကုန်လုံးက ညီအစ်ကို
မောင်နှမလိုပါပဲ၊ ခင်ဖို့ကောင်းပါတယ်။” “ဟုတ်ကဲ့ အစ်ကို လာနိုင်အောင် ကြိုးစားပါမယ့်။
ကျွန်တော်လာဖြစ်ရင် အစ်ကိုမလာလို့မရဘူး အစ်ကိုရောလာရမှာနော်”
“ဟုတ်ကဲ့ပါ….ကိုမင်းမင်းဇော်ရေ….စိတ်ချ ခင်ဗျာလာရင် ကျွန်တော်လည်း လာမယ်ဗျာ” “ ဟုတ်ကဲ့
…အစ်ကို ကျွန်တော် လာနိုင်အောင် ကြိုးစားပါမယ်။”
 ဒီလို့နဲ့ပဲ ကျွန်တော် MMG အဖွဲ့က ကိုမင်းသူရိန်၊ကိုလင်းအောင်ပြည့် ၊ မမေဇူး တို့သုံးယောက်နဲ့
သေချာအောင် လာမည် အကြောင်း ကိုပြောပြခဲ့ပါသည်။
“ကိုမင်းသူရိန်”
 “ အစ်ကို…..ကျွန်တော် MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲ လာချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ရန်ကုန်က
မရောက်ဖူး အသိမိတ်ဆွေက မရှိဆိုတော့ လာရမှာ ခက်ခဲ့နေလိုပါ။”
“ ဒီအတွက် မပူနဲ့ ညီရေ၊ ညီလာရင် ဖုန်းသာဆက်လိုက်ပါ၊ အကုန်လုံး စိစဉ်ပေးပါမယ်။”
“ ဟုတ်….အစ်ကိုရေ….ကျေးဇူးပါ။” “ကျွန်တော်လာနိုင်အောင်ကြိုးစားပါမယ်”
“ကိုလင်းအောင်ပြည့် “
 “ အစ်ကိုရေ…..ကျွန်တော် MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲကို တက်ချင်တယ်၊ ဒါပေမယ့် ရန်ကုန်က
မရောက်ဖူးဘူး၊အသိမိတ်ဆွေက မရှိဘူး၊ ဒါကြောင့် လာဖို့ခက်နေတယ်…. အစ်ကိုရေ”
 “ဒီအတွက် ကိုမင်းမင်းဇော် ဘာမှ မပူပါနဲ့ ရန်ကုန်ရောက်ရင် ဖုန်းဆက်လိုက်ပါ၊ အကုန်စိစဉ်ပေးပါမယ်” 
”ဟုတ်ကဲ့…ကိုလင်းအောင်ပြည့် ကျေးဇူးပါ၊ ကျွန်တော် လာနိုင်အောင်ကြိုးစားပါမယ်”
“မမေဇူး”
 “ အစ်မ…..MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲ တက်ချင်တာ ၊ဒါပေမယ့် ရန်ကုန်က မရောက်ဖူးဘူး၊
အသိမိတ်ဆွေက မရှိဘူး၊ ဒါကြောင့်လာဖို့ခက်နေလို့ပါ…အစ်မ”
“အဲဒီ အတွက်ကို မပူပါနဲ့ ကိုမင်းမင်းဇော်…..ရန်ကုန်ရောက်ရင်တာ ဖုန်းဆက်လိုက်ပါ၊
…..ကိုမင်းသူရိန်၊ကိုလင်းအောင်ပြည့်တို့နဲ့ တိုင်ပင်ပြီး စီစဉ်ပေးပါမယ်”
 “ ဟုတ်ကဲ့…အစ်မ …ကျေးဇူးပါ၊…ကျွန်တော် လာနိုင်အောင်ကြိုးစားပါမယ်”
 ကျွန်တော် MMG အဖွဲ့ ကလူတွေနဲ့တော့ စကားပြောတာတော့ အဆင်ပြေပြီး သွားဖို့ရာ စိစဉ်ရဦးမည်။
ဘယ်လိုစီစဉ်ရတာလည်း ဆိုတော့ ကျွန်တော်ဇနီးကို စည်းရုံးရတာပါ။ ကျွန်တော် ဇနီးက
အင်တာနက်လည်း မသုံး တော့ MMG အဖွဲ့ရဲ့ နှစ်နှစ်ပြည့်သွား ရအောင်လို့ စည်းရုံးလျှင် ရမည် မဟုတ်။
ဒါကြောင့် ဘုရားဖူး သွားရအောင်ဆိုပြီး စည်းရုံးခဲ့ရပါသည်။ ကံကောင်းချင်တော့ ကျွန်တော် ဇနီးက
ကျိုက်ထီးရိုးဘုရား မဖူးဘူးတော့ ကျိုက်ထီးရိုးသွား ချင်နေတာဆိုတော့ သိပ်မစည်းရုံးခဲ့ရပါ။ ဒီလိုနဲ့
MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲတက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒါကြောင့်အင်တာနက်ထိုင်တာတေ
လျှော့ခဲ့ရပါသည်။  ဇနီးသည်နဲ့ သမီးနာမှာကပ်ပြီး အချိန်ပေး ဖားခဲ့ရတာပေါ့၊
ဘာကြောင့်လည်း ဆိုတော့ သူတို့ စိတ်ပြောင်သွားရင် ကျွန်တော်တက်ချင်တဲ့ MMG နှစ်နှစ်ပြည့်
တွေ့ဆုံပွဲ မတက်ရပဲနေမှာဆိုလို့ပါ။ ကျွန်တော်တို့ အိမ်ထောင်ကျလို့ ၇နှစ်ပြည့်ခဲ့ပါပြီး ခရီးမထွက်ဖူးပါဘူး။
ဒါကြောင့် ခရီးထွက်ရမှာ ဆိုတော့ စိတ်ထဲ တက်ကြွပျော်ရွှင်နေမိသည်။
ဒီလို့နဲ့ ပဲ တွေ့ဆုံပွဲရက်က နီးလာတော့ ကိုမင်းသူရိန်ကို ဖုန်းဆက်ပြီး စကားပြောခဲ့ပါသည်။
“အစ်ကို….ကျွန်တော်မိသားစုနဲ့ ဘုရားဖူးလာရင်း လာမလို့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပါ”
 “ ညီ…ဘယ်နေ့လောက်လာ မလဲ”
“အစ်ကို….၁၂ရက်နေ့လောက်လာမှာပါ”
“ညီရေ……၁၀ရက်၊၁၁ရက်လောက်လာခဲ့ပါလား၊ ဒါမှ ကျိုက်ထီးရိုးကိုစောသွားပေါ့ ၊ အပြန်မှ
တွေ့ဆုံပွဲတက်ပေါ့”
“ဟုတ်…အစ်ကို…..ကျွန်တော် ဇနီးနဲ့ တိုင်ပင်ပြီး အစ်ကိုဆီ ဖုန်းဆက်လိုက်ပါမယ်။”
ဒါနဲ့ပဲ ဇနီးကိုတိုင်ပင်ပြီး ၁၀ရက်နေ့ သွားဖို့ လက်မှတ်ဝယ်တော့လည်း ကိုမင်းသူရိန်၊ ကိုလင်းအောင်ပြည့်
၊မမေဇူး သူတို့ သုံးယောက်စလုံးဆီ ဖုန်းဆက် အကြောင်းကြားခဲ့ပါသည်။
မမေဇူးက “ကိုမင်းမင်းဇော် ရန်ကုန်ရောက်ခါနီးရင် ဖုန်းဆက်နော်…ကျွန်မတို့ ကိုလင်း အောင်ပြည့်
အိမ်မှာ အလုပ်လုပ်ရင် စောင့်နေကြမှာ” ဟုပြောခဲ့ပါသည်။ ဒီမှာပဲ အပျော်လွန်ပြီး
ရထားလက်မှတ်ဝယ်တော့ ညနေဝယ်တာ နံနက်နဲ့မှားဝယ်မိခဲ့ပါတယ်။ ကျွန်တော်တို့ သွားဖို့
၉ရက်နေရောက်တော့ ညက တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။
“အစ်ကိုရေ ထတော့လေ…..ကျွန်မ ထမင်းချက်လိုက်ဦးမယ်….လမ်းစားဖို့”
“အေးပါ….မိန်းမရာ ကို့ အိပ်မပျော်ပါဘူး၊ စိတ်လှူပ်ရှားလွန်းလို့ပါ။”
“ ကျွန်မလည်း ဒီလိုပဲ အရမ်းစိတ်လှူပ်ရှားတာပဲ”
ဒီလို့နဲ့ ခဏက MMG အဖွဲ့ ဝင်ဖြစ်ခဲ့ပုံ၊ MMG အဖွဲ့ နှစ်နှစ်ပြည့် တွေဆုံပွဲ တက်ဖို့ စီစဉ်ခဲ့ပုံတို့ကို
အတွေးရပ်လိုက်သည်။ လုပ်စရာရှိတာတွေလုပ်ဖို့ အိပ်ယာပေါ်က ထလိုက်သည်။
 …..မေတ္တာခရီး အစ……
နံက် 4:30 နာရီ မှာ အိမ်က ထွက်ခဲ့ကြပါသည်။ ဘူတာရောက်တော့ ရထားက 6:15 ထွက်ရမှာကို
မထွက်ဘဲ 10:00နာရီ မှ မန္တလေးက ထွက်ပါသည်။ ရထားပေါ်မှာ ကျွန်တော် အတွက် အတွေးများစွာနဲ့
အင်တာနက်မှာ ခင်ပြီး လူချင်မတွေ့ဖူးတဲ့ လူတွေနဲ့ တွေ့ရမှာမို့ စိတ်ထဲမှာတော့ တစ်မျိုးကြီး
စိုးရွံနေမိသည်။ ဒါပေမယ့် ပျော်လည်းပျော်မိသည်။
ကျွန်တော် မသွားခင်က မန္တလေးမှာ သူငယ်ချင်းတွေက MMG နှစ်နှစ်ပြည့်တွေ့ဆုံပွဲသွားမယ်
ပြောတော့ ပျက်ရယ်ပြုခဲ့ကြသည်။ “ မင်းမလို့ လူတွေလည်းမမြင်ဖူး၊ သူတို့အကြောင်းလည်း ဘာမှ မသိပဲ
၊မင်း ရူးနေပြီးလား။ “….သူတို့ပြောတာကို ကျွန်တော်ပြန်လည်းရှင်းပြလိုသောလည်း
ကျွန်တော်ကိုယ်တိုင်က ကိုယ်တိုင်မတွေ့ကြုံသေးဘူးတော့ ရှင်းပြဖို့ခက်ခဲ့ပါသည်။ ကျွန်တော်
စိတ်ထဲမှာတော့ မင်းတို့ကို အခု အင်တာနက် ခေတ်ကြီးမှာ အင်တာနက်မှာ လည်း
မိတ်ဆွေစစ်တွေရှိတယ် ဆိုတာပြချင်ခဲ့သည်။
“ အစ်မ ….ကျွန်တော်တို့ အခု ပဲခူး ဘူတာရောက်နေပြီး….အစ်မ”
“ဟုတ်ကဲ့…..ကိုမင်းမင်းဇော်……အားမနာနဲ့နော်……ရန်ကုန်ဘူတာဝင်ခါနီးရင်
ဖုန်းဆက်လိုက်ပါ……ဒီမှာက ကိုလင်းအောင်ပြည့် အိမ်မှာ အလုပ်လုပ်ရင် စောင့်နေတာပါ။”
“ဟုတ်ကဲ့…အစ်မ….ကျေးဇူးပါပဲဗျာ..”
ကျွန်တော် အရမ်းဝမ်သာမိတယ်၊ သူတို့လာကြိုမှ ကျွန်တော် အတွက် အဆင်ပြေမည် မကြိုရင်တော့
ဒုက္ခရောက်အုံးမည်။
“အစ်မ…ရန်ကုန်ဘူတာရောက်ခါနီးပြီး….အစ်မ”
“ဟုတ်ကဲ့…..ကိုမင်းမင်းဇော်……..အခုလာခဲ့ပြီးနော်”
နံက် 4:30 နာရီ မှာ ရန်ကုန်ရောက်ခဲ့ပါသည်။ ရန်ကုန်ရောက် ကိုမင်းသူရိန်၊ ကိုလင်းအောင်ပြည့်၊မမေဇူး
သုံးယောက်လာကြိုခဲ့ပြီး ကိုလင်းအောင်ပြည့် အိမ်မှာ သွားရောက်နာခဲ့ပါသည်။ အဲဒီရောက်တော့
ကျိုက်ထီးရိုးဘုရားဖူး သွားဖို့ အစ်မ မမေဇူးမှ ည 9:00 နာရီ ကားလက်မှတ်ဖြတ်ထားပေးပြီးဖြစ်ပါသည်။
ရန်ကုန်က ကိုလင်းအောင်ပြည့်အိမ်မှာ ရောက်တော့မှ ကိုမင်းသူရိန်၊ကိုလင်းအောင်ပြည့်၊မမေဇူး
တို့သုံးယောက်ရဲ့ နေ့ရော ညရောမအိပ်မနားပဲ MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲ အမှီ မဂ္ဂဇင်း
လုပ်နေတာတွေ့ရတော့ အံသြမိပါသည်။ ကျွန်တော်ဆိုလည်း သူတို့ သုံးယောက်လောက်
ပေးဆပ်နိုင်မည် မထင်ပါဘူး။ ကျွန်တော် အရမ်းအားနာမိခဲ့သည်။ မအားသည်ကြားက ကျွန်တော်ကို
ဂရုတစိုက် ဧည့်ဝတ်ကျေပြွန်ခဲ့ပါသည်။ အဲဒီနေ့ ည 9:00 နာရီမှာ ရန်ကုန်ကနေ ကျိုက်ထီးရိုးဘုရားဖူး
သွားခဲ့ပါသည်။ ၁၄ရက်နေ့ ညနေမှာ ရန်ကုန်ပြန်လာတော့ လပွတ္တာက ဆရာငြိမ်းစိုးဦး၊ကိုသတိုး
၊ကိုကြည်နိုင်၊ကိုမိုးမြင့် တို့ လေးယောက် ရန်ကုန်ရောက်လို့ ကားဂိတ်ကို ကိုကြီးက
သွားရောက်ကြိုခဲ့ပါသည်။ ကျွန်တော်တို့က ကိုလင်းအောင်ပြည့် အိမ်မှာ စောင့်နေခဲ့ကြသည်။ Multiply
မှာက ကျူံတိုင်းရွာ လို့ နာမည်ပေးထားတော့ ကျွန်တော်တို့က ကျူံတိုင်းရွာသားတွေလို့ ခေါ်ကြပါတယ်။
ကျူံတိုင်းရွာသားတွေ ရောက်တော့ ကိုလင်းအောင်ပြည့် အိမ်မှာ စည်းကာနေပါသည်။
ကိုလင်းအောင်ပြည့် အိမ်မှာ ကိုလင်းအောင်ပြည့်ကို မြူငှက်၊ကိုလင်းထက်တို့က လာရောက်
ကူညီပေးကြပါတယ်။ ကိုကြည်နိုင်ကလည်း ဝင်ရောက် ကူညီပေးခဲ့ပါသည်။
၁၅ရက်နေ ညမှာ မမေဇူးက ကျွန်တော်တို့ မိသားစုနဲ့ ကိုကြည်နိုင်တို့ အုပ်စုကို ညစားလိုက်ကျွေး
ခဲ့ပါသည်။ ဆိုင်ရောက်တော့ အားလုံး စကားပြောကြ စားကြသောက်ကြနဲ့ မိသားစု လက်ဆုံ ပွဲလေးပါပဲ။
အရမ်းပျော်ရွှင်ဖို့ ကောင်းခဲ့ပါသည်။အားလုံး ညမှာ ကိုလင်းအောင်ပြည့် အိမ်မှာ အိပ်ပြီး လုပ်စရာရှိတာ
ဝိုင်းလုပ်ခဲ့ကြပါသည်။
 နံက် 10:00 နာရီမှာ ကိုလင်းအောင်ပြည့် အိမ်မှာ စုခဲ့ကြပါသည်။ အားလုံး
တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာပြီး မိတ်ဆက်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ 11:00
နာရီကျော်တော့ MMG တွေ့ဆုံပွဲလုပ်မယ့် ဟိုတယ်ကို ကျွန်တော်တို့ သွားခဲ့ကြပါသည်။ …ရင်ထဲမှ
အမှတ်တရ… ကျွန်တော် ဟိုတယ်ခန်းမထဲ ဝင်တော့ ရင်တွေ အရမ်းခုန်နေပါတယ်။ အပျော်လွန့်လို့
အတိုင်မသိပါပဲ။ အားလုံးက တစ်ယောက် နဲ့ တစ်ယောက် မိတ်ဆက်ပြီး ငယ်သူငယ်ချင်းတွေ တွေ့သလို့
ခင်ခင်မင်မင် စကားလက်ဆုံကြပါတယ်။ ကျွန်တော် အပျော်လွန်း လို့ အားလုံးနဲ့ စကားလက်ဆုံ
ငယ်ပေါင်းကြီးဖော်တွေလို ပြောခဲ့ပါသည်။
ကျွန်တော် ဘဝမှာ MMG တွေ့ဆုံပွဲလောက် မိသားစု လိုနွေးထွေးတဲ့ ပွဲမျိုး မတက်ဖူးပါဘူး။
MMG နှစ်နှစ်ပြည့် တွေ့ဆုံပွဲပြီးတော့ ကျွန်တော် မန္တလေးကို ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်
ရင်ထဲမှာ တော့လွှမ်းသလို့ပါပဲ။ ကျွန်တော် အသက်ရှင်တဲ့ ကာလပတ်လုံး ဘဝမှာ အမြဲ အမှတ်ရနေမှာပါ။
နောင်လာ နောင်သားတွေကိုလည်း MMG အဖွဲ့လေးဟာ အင်တာနက်မှာ တွေ့ကြပေမယ့် မိသားစု
ဘဝလေးလို့ နွေးထွေးကြောင်း ပြောပြဖြစ်တော့မှာပါ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ ။
MMG နှစ်နှစ်ပြည့်တွေ့ဆုံပွဲ အမှတ်တရ
အွန်လိုင်းပေါ်က ချစ်တတ်တဲ့ ကောင်းလေး အကြောင်း
အခန်း(၁)
ကျွန်တော် နာမည်က မျိုးလင်းထက်ပါ။ ဒါပေမယ် သူငယ်ချင်းတွေက ကျွန်တော်ကို  ကိုလင်းလို့ပဲ
ခေါ်ကြပါတယ်။ ကျွန်တော်ကို လူတိုင်းက ကိုလင်းလို့ပဲ သိကြပါတယ်။ ကျွန်တော်က ၁၀တန်းအောင်လို့  
တက္ကသိုလ်တက်ဖို့ ထိုင်စောင့်နေသူပေါ့။  အခုလောလောဆယ်  ကွန်ပျူတာ သင်တန်းတက်နေပါတယ်။
အဖေ့က ကျွန်တော် အပြင် လျှောက်လည်မှာ ဆိုးလို့ အိမ်မှာ အင်တာနက် ချိတ်ပေးထားပါတယ်။ ကွန်ပျူတာ
ကိုပိုပြီး လေ့လာလို့ ရအောင်ပေါ့။
အဖေ့နဲ့ အမေ့က တစ်ဦးတည်သားမို့ အလိုလိုက်သည်။ အိမ်မှာ အပြည့်စုံ ထားပေးထားသည်။
ကျွန်တော်  အိမ်မှာ ပျင်းလွန်းလို့ ကွန်ပျူတာရှေ့ထိုင်လိုက်သည်။ ဘာလုပ်ရင်ကောင်းမလဲလို့  တွေးရင်
ဟိုလုပ်  ဒီလုပ်နှင့်ကြာ တော့လည်းပျင်းလာသည်။ နည်းပညာ ဆိုက်တွေလည်း ဖတ်တာ ပျင်းလာ ၊
ဝက်ဆိုက်တွေလဲ  ကြည့်ရတာမျက်စီကလည်း  ညောင်းလာ
သည်။ ကျွန်တော်ရဲ့  gtalk ထဲဝင်လိုက်သည်။
အပျင်းပြေ တွေ့တဲ့  လူနဲ့ စကားပြော မလို့ ။  ကျွန်တော် နာမည်တွေကို ကြည့်ပြီးပြုံးမိတယ်။ 
ကျွန်တော် အကောင့်က  badboylay တဲ့ ကျွန်တော် ဘာသာ  ကျွန်တော်  သဘောကျစွာ  တစ်ချက်ရယ်
မိသည်။    gtalk ထဲမှ နာမည် တ်ာတော်များများကို ကျွန်တော် လိုက်ကြည့်သည့် စကားပြောဖို့
လူတစ်ယောက်မှ မရှိလို့   ပျင်းဖို့ကောင်းလိုက်တာ။   ကျွန်တော် ၀ါးကနဲ တစ်ချက်  သန်းဝေလိုက်သည်။ 
နာရီကို တစ်ချက် ကြည့်လိုက်တော့ ခုမှ (၈) နာရီထိုးရုံ ရှိသေးသည်။   ကျွန်တော် လူကသာ အိပ်ချင်နေတာ 
စိတ်က   မအိပ်ချင်းသေးပါ။
ဒီအချိန်မှာ ပဲ နာမည်တစ်ခုနဲ့ gtalk  ပေါ်တက်လာသည်။ ဒါကြောင့် ဒီအတိုင်းတော့  ဘယ်ရမလဲ
နည်းနည်းတော့  ကလိ လိုက်ဦးမည်ဟု တွေးကာ အပျင်းပြေ ပေါ့။  အဲဒီနာမည်က အချစ်လေးတဲ့ 
နာမည်ကို ကြည့်ပြီး  ကျွန်တော်  နည်းနည်း စိတ်ဝင်စားသွားသည်။ ဒါကြောင့်  အပျင်းပြေပေါ့
 ကောင်မလေးကို  ကလိပြီ အချစ်လေးနဲ့ အွန်လိုင်းပေါ်က ဇာတ်လမ်း တစ်ပုဒ် စတင် ကြသည်။
ကျွန်တော်က  နာမည် ပေါ်သို့ကလစ်တစ်ချက်ခေါက်လိုက်သည်။
"hi"
  ကျွန်တော် ကပင် စတင်နှုတ်ဆက်လိုက် သည်။
နှလုံးသား ခေါ်သံပေါ့  ကောင်းမလေးရေ…..သိပ်မကြာလိုက်
ကွန်ပျူတာဖန်သားပြင်ပေါ်သို့ စာလုံးတစ်လုံခုန်ပေါက်တက်လာသည်။
"ဟိုင်းပါ''
ဒါနဲ့ပဲ ကျွန်တော်က ......
"မင်းက အချစ်လေးဆိုတော့  ငါက  အချစ်ကြီးလေး ''
"အင်းလေး   လူတိုင်းက
တစ်ယောက်တစ်မျိုးစီ နာမည်ပေးလို့ရကြတာပဲ ၊ သြော်ဒါနဲ့  ရှင်ပုံကြည့်ရတာအဲ့
အချစ်ရောဂါ  ရထားတာပြီးပြီထင်တယ်''
"မဟုတ်ဘူး  ငါက အဲ့ဒီရောဂါကို ဖြစ်စရာ အကြောင်း မရှိဘူး။  ငါ့အတွက်  စာအုပ်ကလေး တစ်အုပ် 
ရှိရင်လုံလောက်ပြီး''
"ဘာလဲရှင်က စာသမားပေသမားလား''
"နိုး စာပေသမားဆိုတဲ့အဓိပ္ပါတယ်ကတော်တော်
ကျယ်ပြန့်တယ်ကွ ၊ ငါ့ကိုယ်ငါ  စာသမားပေသမား လို့တော့  မခံဝံယူပါဘူး။
ပြောချင်ရင် တစ်ခုတော့ပြောလို့ရတယ် စာဖတ်သမားလို့''
"ဒါဆိုရှင်ကစာအုပ်တော်တော်များများဖတ်ဖူးတယ်ပေါ့ ''
"အင်း  ဖတ်ဖူးတယ် ဆိုပါတော့''
"ရှင်ကဗဟုသုတ ကြွယ်ဝမှာ  ပေါ့နော်  ၊စာတွေများများဖတ်တယ်ဆိုတော့''
"ဟီဟီး  ငါ့မှာ အကျင့်ဆိုး တစ်ခုရှိတယ်ကွ''
"ဘာအကျင့်လဲ''
"ဒီနေ့ ဖတ်ပြီးတဲ့  စာတွေကို နောက်နေ့သတိမရတတ်တဲ့အကျင့်''
"ဒါဆိုရှင်ကလွယ်လွယ်နဲ့ မေ့တတ်တဲ့လူစားမျိုးပေါ့''
"အင်း..ငါက  ပေါ့ပေါ့ ပါးပါး နေတတ်တဲ့  လူတစ်ယောက်ပါ''
ထို့နောက်သူမနဲ့ကျွန်တော် စကားနည်းနည်းပါးပါးပြောပြီး ကွန်ပျူတာကို  ပိတ်ကာ အိပ်ပစ်လိုက်
သည်။
 ထိုညကျမှ  ထူးထူးဆန်းဆန်း  ကျွန်တော်  ကောင်းမလေး  တစ်ယောက်နဲ့ ရည်စားဖြစ်ပြီ့း လျှောက်လည်
သွားသည်ဟု အိပ်မက်မက်သည်။ နံနက် အိပ်ယာ နိုးတော့ ညက အိပ်မက်ကို သတိရပြီ ကျွန်တော် ကျေနပ်
မိပါတယ်။  စိတ်မှာလည်း  ရည်းစားထား ချင်စိတ်ပေါက်လာသည်။
ကျွန်တော်  ဘ၀ကို  ပုံသေဖြတ်သန်းရသည်မှာ  ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟု ကျွန်တော် ထင်သည်။ 
ဒါကြောင့် ကျွန်တော် ပုံစံခွက်တွေချကာနေရသော ဘ၀ကို  ကျွန်တော် မုန်းသည်။
ဝတ်စားကောင်းတွေ ဝတ်ပြီ  အိုက်တင်ကြီးနဲ့ နေတဲ့ သူကို လူကြီးလူကောင်းဟု လူတွေထင်နေ  ကြသည်။
 ကျွန်တော်လို ကိုယ်လုပ်ချင်တာကို  လွတ်လပ်စွာ  လုပ်တတ်တဲ့ သူကိုတော့ လူကြီးစကားနားမထောင်ဘူး
လူဆိုးလေးဟု သတ်မှတ်ကြသည်။  လူကြီးလူကောင်းဆိုတာ ဘာကိုခေါ်တာလဲ ? ။ အဝတ်အစား အကောင်း
ဝတ်ပြီး အိုက်တင်ကြီးနဲ့ နေမှလား ။ ဒါတော့ ကျွန်တော် မကြိုက်  လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါး ပဲ
ကျွန်တော် နေချင် သည်။
ကျွန်တော် ထိုင်ခုံကို ကျောမှီထားရင်း တွေးပုံရိပ်က gtalk ဆီသို့ ရောက်ရှိ သွားသည်။
ကွန်ပျူတာဖန်းသားပြင်ကို ကြည့်ရင်း  ကျွန်တော်ရင်ခုန်နေသည်  နာရီကြည့်လိုက်တော့  (၈)နာရီထိုး
အမှန်အတိုင်းပြောရရင် ဘာကြောင့်ရယ် မသိ။  သူမနှင့် စကားပြောချင်သည် သတိ တရစိတ် ဖြစ်လွန်းသည်။
သိပ်မကြာခဲ့ gtalk ထဲမှ အချစ်လေး ဆိုသောနာမည်ကိုတွေ့လိုက်သည်နှင့်  ကျွန်တော် ဖြတ်ကနဲ
ဝမ်းသာသွားသည်။
ဘာကြောင့်များ သူမကို  သတိ တရ မှတ်မှတ်ရရ ရှိနေပါလိမ့်လို့ ကျွန်တော် တွေးမိသည်။
"ဟေ့"
ကျွန်တော်က စနုတ်ဆက် လိုက်သည်။
ချက်ချင်း ဆိုသလို သူမကလည်း နုတ်ဆက်ပါတယ်။
"ဟိုင်း''
"နေကောင်းလား"
" ဟုတ်ကောင်းပါတယ် ၊ သူရော နေကောင်းလား "
" တို့က ကောင်းပါတယ်"  "အခု ဘာလုပ်နေတာလည်း "
"ကျွန်မ စာလိုက်ဖတ်နေတာ ၊ သူရော "
" ဘာမှမလုပ်ဘူး ဒီတိုင်းထိုင်နေတာ မင်းတွေ့မှ စကားပြောဖြစ်တာ၊ ကိုယ်နာမည်က ကိုမျိုးလင်းထက် ပါ။
မင်းနာမည်ရော ပြောလေ"
" ကျွန်မက အေးမြဖြူပါ။ ခင်တဲ့ သူတွေက မဖြူလို့ ခေါ်တယ်"
"ဒါဆို အတူတူပဲ ငါ့ကိုလည်း ခင်တဲ့ သူတွေက ကိုလင်းလို့ ခေါ်တယ်"
" အင်းနော် အတူတူပဲ"
သူမ စကားကြောင့်  ကျွန်တော်  ပြုံးမိသည်။ သူကောင်မလေးကို စချင်လာသည်။  ထိုကြောင့်..
"တစ်ခုလောက်ကူညီပါလားဗျာ''
"ပြောကြည့်လေ''
"မနေ့က လမ်းသွားရင်းကျပျောက်သွားလို့ဗျာ''
"ဘာလဲ''
"ငါ့သေချာသိမ်းထားတဲ့ ငါ ဓါတ်ပုံ  အဲဒါ  ဘယ်နားဘယ်လို့  ပျောက် သွားမှန်းမသိဘူး''
"ပျောက်သွားတာ မဖြစ်နိုင်ဘူး ကြွက်ချီ သွားတာပဲဖြစ်မှာ''
" ငါကို  ကူရှာပေးပါကွာ''
"ကျွန်မက ဘယ်သွားရှာရ မလဲ''
"မတွေ့လို့ မဖြစ်ဘူး တော်ကြာ ကောင်းမလေးတွေ လက်ထဲ ရောက်သွားရင် ငါကို ပြန်မပေးမှာ  ဆိုလို့''
ကောင်မလေးဆီက ထွက်လာတာတဲ့စကားလုံးကနှစ်လုံးတည်း
"သေလိုက်…တဲ့''
"စတာပါကွာ ငါမင်းကို  မေးစရာ တစ်ခု ရှိတယ်''
"ဘာမေးမှာလဲ  မေးလေ''
"မင်းမှာ  ချစ်သူလေး ဘာလေးများ ရှိပြီလားလို့ ပါ''
"ဘာလုပ်ဖို့လည်းရှင်က အဲ့ဒါမေးပြီးတော့''
"ဘာရယ် မဟုတ်ပါဘူး၊ သိချင်လို့ပါ၊ မင်း  မပြောလဲရပါတယ်။ မပြောပါနဲ့ကိစ္စမရှိပါဘူး။''
"ဘာလဲရှင်က စိတ်ဆိုးတာလား''
"ဟိုက်  ငါ့စကားထဲမှာ စိတ်ဆိုးတယ်လို့ ပြောတာပါလို့လား''
"အင်းပါ''
"ဒါဆို ကျွန်မလဲမေးမယ် ရှင့်မှာရော ချစ်သူတွေဘာတွေ ရှိပြီလား''
"ဟင့်အင်း ချစ်သူ၊ ရည်းစား  မရှိပါဘူး''
"ဟင် ဟုတ်ရဲလား''
"ဟုတ်ပါတယ် ၊ ဘုရားပေးပေး ၊ ကြမ်းကြမ်းပေးပေးပါ။"
" ဟုတ်ပါပြီ"
"ငါကို ကြိုက်မယ် သူ မရှိလိုပါ။"
"ဟုတ်ပါပြီ ထားပါတော့ ကျွန်မအောက်တော့မယ် ကြာနေပြီ''
"အင်း  ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးပိုင်ဆိုင်နိုင်ပါစေဗျာ ဘိုင်ဘိုင်´´
"ပေးတဲ့ဆုနဲ့ပြည့်ပရစေ  ဒါနဲ့   ကျွန်မပြောရဦးမယ် ကျွန်မမှာ ရည်းစာမရှိဘူး''
သူမသည်  ကျွန်တော်ကို ထိုစကားကိုပြောပြီး  အောက်သွားလေတော့သည်။ ကျွန်တော် ရင်ခုန်သံကို
ပြန်ကြားရသည်။  ထိုည အိပ်မပျော်  အတွေးထဲမှာ ဖြူဆီကို  စိတ်ရောက်နေပါသည်။
(နောက်တစ်နေ့)
နံနက်လင်းတော့ ဘာလုပ်လုပ်  ခေါင်းထဲမှာအတွေး တစ်ခုက စိုးမိုးနေသည်။  သူမနဲ့ စကားပဲ ပြောချင်မိ
တယ်။  ထိုအရာက ကျွန်တော်  ခေါင်ထဲမှာ စိုးမိုးနေ သည်။ သူမကို  ဘယ်လို စကား စပြောရမလဲ
 တွေးရင်  ကျွန်တော် ရင်ခုန်နေသည်။ တကယ်လို့  သူမက စကားဆက် မပြောခဲ့ရင်  ဆက်ရင်ခုန်ဦးမှာလား။
ဒီလိုနဲ့ သူမနဲ့ ကျွန်တော် ခင်မင်ရင်းနှီးမှုက အတိုင်တာ တစ်ခုတော့ ရရှိခဲ့ပါသည်။ အခေါ် အပြောလည်း
ပြောင်းလွဲလာခဲ့သည်။ ကျွန်တော်က သူမကို ဖြူလို့ ခေါ်သလို့ ၊ သူမကလည်း ကျွန်တော်ကို ကိုလင်းလို့ခေါ်
ခဲ့သည်။ အရင်ကထက် ရင်းနှီးမှု ပိုခဲ့ကြပါတယ်။
(တစ်နှစ်)
အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ သူမသည်  ကျွန်တော် ရင်ထဲသို့စူးစူးနစ်နစ် ၀င်ရောက်  နေရာ 
ယူပြီးဖြစ်သည်။  အချစ်ဆိုတဲ့ အရာက ကျွန်တော်ကို ရူးသွပ်စေခဲ့သည်။ ခုဆိုလျှင် သူမနှင့်သိခဲ့သည်မှာ
တစ်နှစ်ကျော် လာပြီဖြစ်သည်။  သူမနှင့်  ကျွန်တော် တစ်ယောက်ကို  တစ်ယောက်တွေ့ရှိ  မြင်ဘူးကြခြင်း
မရှိကြသေးပါ။  လိုလည်းမလိုအပ်ဟုထင်ခဲ့သောကြောင့်ဖြစ်သည်။
အချိန်ကြာမြင့်စွာ စွဲစွဲလန်းလန်း သတိတရနေခြင်းကို အချစ်ဟုခေါ်လျှင် ကျွန်တော် ရင်ထဲမှာ  ဖြူကို
 ချစ်မိနေပြီဖြစ်သည်။  ငါ့ရင်ထဲမှာ  နင့်ကို  မျှားလေးလို့နာမည်ပေးထားတယ်။    ဖြူရေ... ဖြူက…
.
ထက်မြက်တဲ့မျှားတစ်စင်းပေါ့။  အချစ်သည် ခံစားမှုနှင့် သာသက်ဆိုင်သည်ဟု  ဆိုလျှင် မမြင်ရပဲနှင့်
ဖြူကို  ကျွန်တော်ချစ်မိနေသည်မှာ ဘာဆန်း သနည်း။
(အချစ်၏နိဒါန်း)
 အောင့်ထားလို့  မရနိုင်သော  အရာတွေ  ထဲမှာ  အချစ်လည်းပါသည်။ ကျွန်တော် အောင့်မထားနိုင်တော့ပါ။
ဒါ့ကြောင့် အချိန်ရှိတိုင် ကွန်ပျုတာဖန်သားပြင်ကို ကြည့်ပြီး  ကျွန်တော် ရင်တွေ အရမ်းခုန်နေမိပါတယ်။
ငါ့ကို ဘာကြောင့်များ ဒီလောက်ရင်ခုန်စေခဲ့ရတာလဲ  ဖြူရယ် ဖြူကို အရမ်းချစ်မိနေပြီ။
"ကိုလင်း''
စကားလုံးလေးတစ်လုံးကြောင့်ရင်ခုန်နှုန်းသည် ဒီလောက်မြန်သွားသင့်ပါသလား။
"ဖြူ  ဒီနေ့ မင်းနောက်ကျတယ်နော်''
"အင်းဟုတ်တယ် ကိုလင်း  ဒီနေ့ အဖေခိုင်းထားတဲ့ အလုပ်ကလေးမပြတ်သေးတာနဲ့
နည်းနည်းနောက်ကျသွားတာ''
"သြော် အင်း မနေ့ညက ငါ အိပ်မပျော်ဘူး  ဖြူ''
"ဘာလို့လည်း ကြမ်းပိုးကိုက်လို့လား ...''
"ဟုတ်ဘူး မျှားပစ်ခံရလို''
"အမ် ဘယ်လို''
"ဟုတ်တယ် ငါအိပ်နေတုန်း  ငါ့နှလုံးသားကို  ပစ်သွားတယ်''
"အဲ့ဒါ  ဆေးခန်းပြလေ  ကိုလင်း ''
"မရဘူး ဖြူ   ငါကို ပစ်တာ ဖြူပဲလေ ဒါကြောင့် ငါနှလုံးသားကို ပစ်တဲ့ ဖြူကို  မျှားလေးလို့ခေါ်မယ်''
"သေလိုက်''
"ကိုယ်လေ  ခုတလော အဆင်မပြေဘူး  ဖြူ''
"ဘာဖြစ်လို့လည်း  ကိုလင်း''
"မနေ့က ငါ့  လူတစ်ယောက်  တွေ့တယ် အဲ့ဒီ တစ်ယောက်က ငါ့ကို  မညှာမတာ လုပ်ရက်တယ် ဟာ''
"ဟဲ ဘယ်သူလဲ ပြော ကိုလင်း''
"ဘယ်သူ ရမှာလဲ  ဖြူဆိုတဲ့ ကောင်းမလေး တစ်ယောက်လေ  မြားကြီးနဲ့မညှာမတာ  ငါ့ကိုလာပစ်တယ်
ခုတော့ဖြူပဲ  စဉ်းစားကြည့်  ကိုယ့် မှာမြားဆိပ်သင့် နေပြီ  မင်း ကိုယ်ကိုကူညီပါ ဖြူရယ်''
"ကိုလင်း မှားနေပြီ ဆေးခန်းသွားရမှာ ဘာမှ မပူပါနဲ့  မကုနိုင်ရင်  သေရုံပါပဲ  ဟီး ဟီး ဟီး''
"`ကိုယ်ကို  ဆရာဝန်က  ပြောတယ် မြားပစ်တဲ့ သူကို ကုရင်  ပျောက်မယ်တဲ့  အဲ့ဒီ မြားဆိပ်ကို
ကမ္ဘာပေါ်မှာ ဖြူ တစ်ယောက်တည်း ဖြေနိုင်တာတဲ့''
"ကိုလင်း  ဖြူကို ရည်းစားစကား  ပြောနေတာလား''
"အင်း ဟုတ်တယ်  ဖြူကို  ကိုလင်း ချစ်တယ်''
"မဖြစ်နိုင်တာဟာ ကိုလင်းနဲ့ ဖြူက မြင်တောင်မမြင်ဘူးပဲနဲ့''
"မလို့ဘူးလေ…..အချစ်မှာ ရုပ်ဝတ္ထုပစ္စည်းတွေ မပါဘူးလေ ခံစားချက်သက်သက်ပဲ
အချစ်ဆိုတာ ရင်ခုန်သံနဲ့ပဲဆိုင်တယ်''
အတန်ကြာ ကျွန်တော်ရော  ဖြူပါ တိတ်ဆိတ်သွားကြသည်။
"အင်းလေး  ထားပါတော့၊  ဒါပေမယ့် မိန်ကလေးတစ်ယောက်အတွက်တော့
ဒါဟာ သေချာစဉ်းစားရမယ့် ကိစ္စလေ ကိုလင်းနဲ့  ဖြူက  အွန်လိုင်းပေါ်မှာ  ပြောတာထက်
အပြင်မှာ  ပြောရင်  ပိုကောင်းမယ်  ထင်တယ်''
"အင်းလေ  ဒါဆို ကိုလင်းနဲ့ ဖြူ  တွေ့ဖို့လိုအပ်လာပြီပေါ့''
"အင်းပေါ့  ဒီလိုပဲ  လုပ်ရတော့မှာ  ပေါ့''
"အင်းဒါဆိုဘယ်မှာတွေ့ကြမလဲ  ဖြူ''
"၇၈လမ်းက ကဖေးဆိုင်  နံနက် ၉နာရီ  လာခဲ့''
"အင်း ဒါဆို ကိုလင်းတို့  အဲ့ဒီမှာ  တွေ့ကြတာ  ပေါ့''
"အင်းပေါ့  ကိုလင်း  ဖြူအောက်တော့မယ်   ကိုလင်း  အိပ်မက်လှလှ မက်ပါစေ''
အိပ်မက်တွေကတော့ လှမှာကြိမ်းသေပါတယ်။  ဖြူရယ် အချစ်ဆိုတာ  ရင်ခုန်သံခြင်း နှီးနှောကြတာပါ။
(တကယ်လို့  ကျွန်တော် ဘဝရဲ နိဂုံးမှန်သိခဲ့လျှင်)
နောက်နေ့  နံနက်  စောစောစီးစီးနိုးလာသော  ကျွန်တော်ကိုမြင်တော့ ဖေဖေ့နဲ့ မေမေ့ ကတအံတသြ
နဲ့ကြည့်သည်။  
"အဖေ့က  ဒီနေ့တော့  ကြားသားမိုးကြိုးပါလား  ဟေ့ "
"ငါ့သားအစောကြီးနိုးတယ်ဟေ့ "   ဟုအော်ပြောသည်။
အဖေ့နဲ့ အမေ့ကို ဘာမှ မပြောပဲ  ရေကို  ချိုးပစ်လိုက်သည်။   ပြီးတော့အ၀တ်အစားလှယ် နံနက်စား 
မစားတော့ပဲ  ဆိုင်ကယ်စီးပြီ ထွက်ခဲ့သည်။
သီးချင်းလေး ဆိုပြီမောင်းလာခဲ့သည်။ လမ်းဘယ်ကိုမှ မကြည့်ဖြစ် ကိုယ်အတွေးနဲ့ကိုယ်
 ပျော်ရွှင်တက်ကြွနေသည်။  ကျွန်တော် ဆိုင်ရှေ့ရောက်ဖို့ ကိုက်၃၀၀ အလိုရောက်တော့
နာရီကိုတစ်ချက်ကြည့်သည်။  ၉ နာရီ ထိုးဖို့၁၀မိနစ် လိုသေသည်။  ဖြူနဲ့ ချိန်း သည့်ဆိုင်ရောက်ဖို့မလို့တော့
 ဖြူနှင့်တွေ့လျှင်တော့  မြားဆိပ်သင့်နေတဲ့  ကိုလင်း နှလုံးသားကို အဆိပ်ဖြေပေးပါ။  ဖြူရယ် ပေါ့ ။
 ဒါမှမဟုတ်  ဖြူပစ်သွားတဲ့  ကိုလင်း  နှလုံးသားကို အကောင်း အတိုင်းဖြစ်အောင်ပြန်လုပ်ပေးပါပေါ့။
ကိုယ့်အတွေးနဲ့ ဆိုင်ကယ်မောင်းရင် ပျော်မြူးနေမိသည်။ ကိုလင်း လာပြီ  ဖြူရေ ဆိုင်ကယ်မောင်းနေစဥ့် 
ကားတွေက ရှုပ်လွန်းလှသည်။  ထိုစဉ်  ၀ုန်းကနဲ့ အသံနှင့် အတူသူလွင့်ပျံထွက်သွားသည်။
ကျွန်တော်ကို  စူးနင့်သော  ဝေဒနာတစ်ရပ်ကို   ပြင်းပြင်းထန်ထန်  ခံစားလိုက်ရသည်။  ကျွန်တော်
 ခေါင်းတစ်ခုလုံး  မူးဝေနောက်ကျိလျှက် နားထဲက  လေတွေ  တဟူးဟူး  ထွက်နေသည်။  
ကိုလင်း အရောက်လာခဲ့တယ်နော်  ဖြူရယ် ။  ဒါပေမယ့်  ဖြူဆီတော့ ကိုလင်း ရောက်မလာ  နိုင်တော့ဘူး။
ဖြူရယ်..  ကိုလင်းလေ   ဖြူကို  အရမ်းချစ်တယ်  ဖြူရယ်။
ဒီနောက်  ကျွန်တော် အသိတွေ မှောင်အတိကျသွားသည်။
(ကျွန်မ အစက သိခဲ့လျှင်)
"ကောင်လေးကငယ်ငယ်လေးရှိသေးတယ် သနားပါတယ် ဟယ် "
"ပွဲချင်းပြီးပဲနော် "
"အေးဟယ် ကားသမားတွေကလည်းအရမ်းမောင်းတာကို"
လူတွေ ရုတ်ရုတ် သဲသဲ နှင့်တစ်ယောက် တစ်ပေါက်ပြော နေကြသော  စကားတွေကြောင့်
လှမ်းကြည့်လိုက်တော့ ဆိုင်ကယ်နဲ့ ကားတိုက်ထားတာ တွေ့လိုက်ရသည်။  ဆိုင်ကယ်မောင်းတဲ့
 ကောင်းလေးကတော့ လမ်းပေါ်မှာ သွေးအိုင်ထဲ ပလက် ဖြစ်သည်။  ဖြူရင်ထဲ နမိတ်မကောင်းသလို
 ခံစားလိုက်ရသည်။
ကိုလင်း ရောက်နေပြီလား မသိ။  ဆိုင်ထဲ ၀င်စောင့်နေတာ ကောင်းပါတယ်လို တွေးမိတယ်။
ဖြူ စဉ်းစားပြီး ဆိုင်ထဲဝင်လာခဲ့ သည်။  ကော်ဖီနှစ်ခွက်မှာ လိုက်သည်။  တစ်ခွက်က သူမအတွက်
တစ်ခွက်က ကိုလင်းအတွက် ၊တကယ်လို့  ကိုလင်းက ချစ်လားလို့ မေးလာခဲ့ရင်  ဘယ်လိုဖြေရ မလဲ။
ထိုအကြောင်းအရာကို  တွေးမိတော့ ဖြူ ရင်ထဲ ရှက်ရွံသွားသည်။ ပါးပြင်က ပန်းနုရောင်သန်းသွားသည်။
နာရီကြည့်လိုက်တော့ ၉ နာရီ၁၀ မိနစ် ကိုလင်း ဘာလို့နောက်ကျနေတာပါလိမ့်။  အင်းလာတော့မှတွေ့မယ်။
ကိုလင်းဟာလေ ဘာကိုမှ အလေးအနက်မထားတတ်ဘူး  ဖြစ်မယ်။ ဖြူ တစ်ယောက် စိတ်ထဲ အမျိုးမျိုး
တွေးရင် စောင့်မျှော် နေသည်။
 အချိန်တို့  တရွေ့ရွေ့  ကုန်ဆုံး သွားသည်။   ကော်ဖီဆိုင်ထဲမှာတော့  ကောင်မလေး တစ်ယောက်နှင့်
 ကော်ဖီနှစ်ခွက်  ကော်ဖီနှစ်ခွက်လုံးက   အရာမယွင်းသေး  ကော်ဖီဆိုင်က  ထွက်လာသော 
သီးချင်းသံက လွမ်းမောဖွယ် ကောင်မလေးက  အပြင်ကို   ငေးကြည့်နေသည် ။  အတန်ကြာတော့မှ
သက်ပြင်း တစ်ချက်  ချလိုက်သည်။ "ကိုလင်းဟာ လွယ်လွယ်နဲ့ အချစ်ကို တန်းဖိုးမထားတတ်တာ ပဲလား၊
 ရှင်နဲ့ ကျွန်မ ဘယ်လို့မှ ပတ်သက်  စရာ  အကြောင်း မရှိတော့ဘူး ပေါ့ " ဟု တိုးတိုးလေး ရေရွတ်သည်။
 ကော်ဖီနှစ်ခွက် အတွက် ပိုက်ဆံကို ရှင်းခဲ့ကာ  ထွက်သွားသည်။
ကောင်းမလေ မျက်ဝန်းကို  သေချာကြည့်မည်ဆိုလျှင် မျက်ရည်ကြည်များ ပြည်လျှံ နေသော 
မျက်ဝန်းကို တွေ့နိုင်သည်။ ကောင်မလေး၏ ရင်ထဲမှာ ဘယ်လို့ ခံစား နေရပါလိမ့်။  တစ်နေရာမှာတော့
တရွေ့ရွေ့ထွက်ခွာသွားသော ကောင်မလေး၏  ကျောပြင်ကိုကြည့်ပြီး ငိုနေသော ၀ိညာဉ်တစ်ခု ရှိနေခဲ့သည်။
ဒါကို  ကောင်မလေးသိသွားခဲ့လျှင်  ကောင်မလေး ဘာလုပ်မလဲ  ကောင်မလေး  ဘယ်လို့ခံစား မလဲ 
ဆိုတာ  ကောင်မလေးပဲ သိမှာပါ။
ဒီလို့ လူမသိ သူမသိ အချစ်ဇာတ်လမ်းလေးတွေ ရင်နစ်ဖွယ် မဖြစ်ကြပါစေနဲ့........
အချစ်ဆိုတာ .........ရယူချင်းလား
အချစ်ဆိုတာ..........ပေးဆပ်ချင်းလား
အချစ်ဆိုတာ..........ဘာလဲ
အချစ်ဆိုတာ  အရမ်းကျယ်ပြန် နက်ရှိုင်းလွန်းလို့  မတိုင်တာ မသတ်မှတ်ရဲ ဘူးဗျာ။
ချစ်သူတွေတိုင်း ပေါင်းဖက်နိုင်ကြစေ............
မင်းမင်းဇော်
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။
ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။  ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။
ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။  ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
ခေါင်းအုံးထူထူပေါ် အိပ်ခြင်း
လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။
ကျွန်တော်မမေ့နိုင်သော ဆရာ၏ စကားလုံးများ
လူတွေဟာ ဘဝကို နည်းမျိုးစုံ ရင်ဆိုင်ဖြတ်သန်းနေကြတာပါ။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အယူအဆ
တွေကို လက်ကိုင်ပြုနေကြတာပါ။ ဘဝကို ဘယ်လိုပဲ ဖြတ်သန်းဖြတ်သန်း အကောင်းဆုံးနည်းနဲ့တော့
ဖြတ်သန်း အနိုင်ယူသင့်ပါတယ်။ ဒီလိုဖြတ်သန်းရင် မိဘ၊ဆရာသမားတွေက ရှေ့ဆောင် လမ်းပြ
ပညာတွေသင်ကြားပေး ခဲ့ကြပါသည်။  ကျွန်တော်တို့  သူတို့ဆီက သင်ယူပြီ ဘဝကို လျှောက်လှမ်း
ကြရမှာပါ။
ကျွန်တော် အတွက်တော့  ဆရာဆိုတာ ဘာနဲ့မှ နှိုင်းယှဉ်မရတဲ့ ကျေးဇူးရှင်ပါ။  ဘာကြောင့်လည်းဆို
တော့ ကျွန်တော်ရဲ့ စိတ်ကို ထိန်းချုပ်ပေးနေတာကတော့ ဆရာရဲ့   ဒီစကားလုံးလေးတွေပါ။   
တစ်နေ့ အလုပ်ကအား  ဆရာကလည်  "မင်းမင်းဇော်ရေ  ဆရာနဲ့  အတူ  လက်ဖက်ရည်သွားသောက် ရအောင်"  "ဟုတ်ကဲ့ဆရာ"   ...ကျွန်တော်နဲ့ဆရာအတူ  လက်ဖက်ရည်ဆိုင်ထွက်ခဲ့ကြသည်။
လက်ဖက်ရည်ဆိုင်ရောက်တော့ ဆရာက ..."ကျွန်တော်ကို ပြောလိုက်တဲ့ စကားလုံးတွေပါ။  
ကျွန်တော်ကို ဆရာက   "မင်းမင်းဇော် တစ်ခါတစ်လေလူတွေက  ဦးနှောက်ကို  အလုပ်မလုပ်ဘူး"
"ငါပြောမယ်"  " လူတွေက ဆင်းရဲတာ ၊ ချမ်းသာတွေကိုပြောနေကြတာ  သူတို့က
ဦးနှောက်ကြသိပ် မသုံးကြဘူးကွ"  " ဘယ်လိုမသုံးတာလည် ဆရာ"  "အေးဒါဆို မင်းကို ငါမေးမယ်"
"ဟုတ်ကဲ့ဆရာ"  "လူတိုင်းဟာ အလုပ်လုပ်တိုင်း ချမ်းသာလား။"
"ဟုတ်"  " မချမ်းသာဘူး ဆရာ။"   " အေး :  "ဘာလို့လဲဆိုတော့"  "ပန်ရံတွေ ၊ကူလီသမားတွေ၊
ဆိုက္ကားသမားတွေ  သူတို့တွေဆို  အလုပ်လုပ်တာ တော်တော် အလုပ်လုပ်နိုင်တယ်   ဒါပေမယ်  ချမ်းသာ
လား?"   "ဟုတ် "    "မချမ်းသာဘူး ဆရာ "    " အေး "    "အလုပ်လုပ်တိုင်း မချမ်းသာဘူးလေ။"
"အေး"  " ဒါဆို လည်တိုင်းရော ချမ်းသာလား? "  "လည်တဲ့ သူတွေကတော့  ပွဲစားတွေ ကြည့်လေ          
လည်တာပြောမနေနဲ့   ဝီခေါ်နေတာပဲ   ချမ်းသာလား?"   " ဟုတ်"  "မချမ်းသာဘူးဆရာ"
" သူတို့ဆို လည်တာပေါ့ မချမ်းသာဘူးလေ။ လူတိုင်းက ကံနဲ့ညဏ်နဲ့ပေါင်းမှ ချမ်းသာမှာ မင်းမှတ်ထားပါ။"
  "ဟုတ်ကဲ့ "   "မင်းရဲ့ အကျိုးပေးက ဘာလဲဆိုတာ လေ့လာတတ်ရမယ်။   ဒါမှ မင်းချမ်းသာမယ် "
တကယ်လို့ မချမ်းသာဘူးဆိုတောင် မင်းဘဝ အများထက်တော့ မနိမ့်ကျဘူး။"
ဆရာပြောတာကို သတိရလိုက်တာ ဆရာရယ်။
ဆရာပြောတဲ့ စကားတိုင်ဟာ  ကျွန်တော် အတွက်တော့ အမြဲ မမေ့နိုင်စရာတွေ အများကြီးပါ။
"မင်း ဗမာလူမျိုးဆို သိက္ခာ မကျစေနဲ့ကွာ"  "ဟုတ်ကဲ့"  " မင်းကြည့်လေ တချို့ လူတွေက
အမြဲစဉ်စားနေကျတာက  ဒီကရရင်ဘာလုပ်မယ်  ဟိုကရရင်  ဘာလုပ်မယ်ပေါ့။"
 "အမြဲစိတ်ကူးနဲ့  အိမ်ဆောက် နေကြတာလေကွာ "   "အဓိကကတော့ အမွေပေါ့  မိဘအမွေပေါ့
ဒီအိမ်ရောင်းရရင်  ၊ဒီခြံရောင်းရ   ရင်ဘာလုပ်မယ်ဆိုတာက  သူတို့ရဲ့စိတ်ကူးယဉ်မျှော်လင့်စောင့်  
စားနေတာကို လိုက်ပြီ " " မင်း လိုက်ပြီး မလုပ်မိစေနဲ့ပါ။"  "ဟုတ်ကဲ့ပါဆရာ ကျွန်တော်မှတ်ထားပါမယ်"
"အေး"    "ငါတပည့်   မင်းဟာ တကယ်ကြိုးစားမယ်ဆို ပန်ရံဖြစ်ရင် ပန်ရံဆရာဖြစ်အောင်လုပ်ပါ"
 "လက်သမားဖြစ်ရင်  လက်သမားဆရာဖြစ်အောင်လုပ် "   "  ဒါမှ ဘဝကို  မင်း အနိုင်ယူနိုင်မှာ"
 ကျွန်တော် အတွက်တော့ တစ်ဘဝလုံး အသက်ရှင်နေ  သရွေ့     ဆရာရဲ့   စကားတွေကတော့
ကျွန်တော်  ဘယ်တော့မှ မမေ့ပါဘူး ဆရာရယ် ။ မေ့လည် မမေ့ပါဘူး ဆရာရယ်။ 
ဆရာရဲ့   ကျေးဇူးတွေက   ဘယ်လိုဆက်လို့ကုန်မှာလည်း ဆရာ။  
ဒါကြောင့်  လမ်းသွားရင်ဖြစ်ဖြစ်  ညအိပ်ယာဝင်လို့ပဲဖြစ်ဖြစ်  ဆရာကို အမြဲ မေတ္တာပို့ ကန်တော့
ပါတယ်ဆရာ။  ဒီဘဝ အလင်းရောင်တွေကို  ဆရာမပြခဲ့ရင်  ကျွန်တော် ဘဝက ဘယ်လိုရင်ဆိုင်  
ရမလဲ မသိပါဘူးဆရာ။ ဆရာစကားတွေဟာ  ကျွန်တော်  ဘဝ အတွက်   အလင်းရောင်လည်းဟုတ်
သလို  ဘဝရဲ့ ခွန်းအားလည် ဖြစ်ခဲ့ပါတယ် ဆရာ။ 
လူတိုင်း  ကျွန်တော်လိုပဲ  ဘဝကို  အလင်းရောင်လေးနဲ့ ခွန်အားလေးတွေ ဖြစ်စေချင်ပါတယ် 
မင်းမင်းဇော်
ဘုရား ရှိခိုးရန် သိသင့်သော အချက် (၅)ချက်
ကျွန်တော် အမြဲ ဘုရား ရှိခိုးတဲ့ နည်းလေးပါ။လူတိုင်းကို  ဒီနည်းအတိုင်း ဘုရားရှိခိုး စေချင်လို့ပါ။ ကျွန်တော် ရဟန်းခံစဉ်က မဟာစည် ဆရာတော်ဘုရားကြီး သင်ကြား ပေးလိုက်တာပါ။ ဆရာတော် ဘုရားရဲ့ ဘွဲ့ကို ကျွန်တော်  မရေးတတ်လို့ပါ။ ဆရာတော်ဘုရားကြီးက ကျွန်တော်ကို ဒကာ ဘုရားရှိခိုးတာ အချက် (၅)ချက်
ပြည့်အောင် ကန်တော့ရဲ့လား။ တပည့်တော်က ထိချင်း (၅)ပါးပဲ သိပါတယ် ဘုရား။
အေး ဒကာ သိအောင်ပြောပြ မယ်။ 
(၁) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ  တို့ကို  အရင် ကန်တော့ပါ။
(၂) အပါယ် ဖျက် ရတယ်။  ဒီအချက်က လူတိုင်း မသိကြ ဘူး။
အပါယ် ဖျက်တာ လွယ်ပါတယ်။လူတိုင်း  မဖျက် တတ်ကြလို့ပါ။ ဘယ်လို့ ဖျက်ရမလည် ဆိုတော့  (ယခုဘဝ) ဘဝ အဆက်ဆက်က တော်စပ်ခဲ့ ကျသော မိဘ ဘိုး ဖွားများ ၊ ဆရာသမားများ ၊ မပြစ်မှား အပ်သော  ပုဂ္ဂိုလ်များ  တို့ကို ပြစ်မှား မိသည်ရှိသော် ရှိခိုး ဝန်ချတောင်းပန် ပါ၏။ ဒီလို့ တောင်းပန်ရင် ဒကာတို့ လောလောဆယ် ဒကာမှာ ပိတ်နေတဲ့ လာဘ် တွေ ပွင့်မယ်။ ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ ပဲ ဖြစ်ဖြစ် အစိမ်း မသေ
တော့ဘူး။
တောင်းပန်ရင် ဘာကြောင့် ကျေလည်း ဆိုတော့ ဒီအကြောင့်ကို ဒကာတို့ နာလည်အောင် ပြောရရင် ကျော်
ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့ ဒေါင်းယောင်ဆောင်သော ကျီး ကားမှာ လို့ပေါ့ ရဟန္တာကို ပြစ်မှားလို့
ယောကျာင်္းက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောကျာင်္း
ပြန်ဖြစ်တယ်။ ဒီမှာ ပြောချင်တာက ယောကျာင်္း ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့
ပြစ်မှား မိတာပါ။ ဒါကြောင့် ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ  နဲ့
ပြစ်မှား မိတာကို တောင်းပန်ရပါမယ်။
(၃) မိမိကိုယ်ကို မေတ္တာပို့ ပါ။ ဒကာတို့  ကျန်းမာ၊ချမ်းသာမှ ဘုရား အလုပ်လုပ်နိုင်မယ်။တရား အလုပ်လုပ်
နိုင်မယ်။ အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
(၄) ဒကာ တို့လုပ်နေကျ အတိုင်း ပုတီးစိပ်၊ဘုရားစာရွတ်၊ မေတ္တာပွား ပေါ့။
(၅)သစ္စာဆို အမျှဝေ ပါ။ ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို သစ္စာဆို အမျှဝေ ရပါမယ်။
ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလိုရပါတယ်။ ဥပမာ...ဘုရားပန်း လှူတာ ဖြစ်ဖြစ်
တရိစ္ဆာန်တွေကို အစားကျွေးတာပဲ ဖြစ်ဖြစ် တစ်ခြား အလှူတွေလည် သစ္စာဆို အမျှဝေလို့ ရပါတယ်။
ဘယ်လို့ သစ္စာဆို အမျှဝေရ မလဲ ဆိုတော့။ ဥပမာ....ကျွန်တော် ဘုရားပန်းတင်လှူပါတယ်။  ဤဘုရားပန်း
တင် လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ။ ဤ သစ္စာ စကား မှန်ကန်ပါက ရတယ် ကုသိုလ်ကို
လေနတ်မင်း ၊ ရေနတ်မင်း ၊ မြေစောင့်နတ်မင်း နှင့် တကွ လူနတ်ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား  အားလုံး အမျှပေးပါတယ်။
ဒကာတို့ ပေးတဲ့ အမျှကို လူနတ်ဗြဟ္မာ သတ္တဝါ  အပါယ်ဘုံသား အားလုံး ရပါတယ်။ ဒကာတို့ ပို့တဲ့ အမျှက သူတို့ အတွက် တန်းဖိုးကြီးပါတယ်။ ဒကာတို့ ဘာအခက်ခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။ ဒကာတို့ ပို့တဲ့ အမျှက သူတို့ အတွက် ၁၀၀တန်းရင် ဒကာတို့ကို ကူညီတာက သူတို့ အတွက်က ၁၀တန်းလောက်ပဲ ရှိတာပါ။  ဒကာတို့  အခက်ခဲကို သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို ဒီအချက် (၅)ချက်နဲ့ ကန်တော့ပါ။ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပြီး။
မဟာစည်ဆရာတော်ဘုရားကြီးက ကျွန်တော်ငယ်စဉ်က သင်းပေးခဲ့တဲ့ ဘုရားရှိခိုး နည်းလေးပါ။
အားလုံးလည် ဒီအတိုင်း ကန်တော့စေချင်တယ်။ ဒါကြောင့် မျှဝေလိုက်တာပါ။ အားလုံးလည်  ကျန်းမာ၊
ချမ်းသာပြီး လိုရာဆန္ဒပြည့်ကြ ပါစေ။ 
ကျန်းမာချမ်းသာကြပါစေ
 မင်းမင်းဇော်