ကျွန်တော်၏ သမီးသည် ကျွန်တော်ဘဝ
ကျွန်တော် ငယ်စဉ်ကတည်က ဘဝရဲ့ ရည်မှန်ချက် မရှိခဲ့ပါ။ ဒါကြောင့်လည် ရိုးရိုးဘွဲ့ တစ်ခုသာ ရခဲ့ပါသည်။
ဘဝကို ပေပေတေတေ နေ အလုပ်လည် ကောင်းကောင်း မလုပ် ခဲ့ပါ။ ဒါတွေကို ဘဝ အတွက် အရေးမပါ
မှန်း သိခဲ့ရင် ကျွန်တော် လုပ်ခဲ့မှာ မဟုတ်ပါဘူး။ သိတဲ့ အချိန်ကလည်း မိန်းမ ရလို့ ကလေးတစ်ယောက် ရခဲ့ပြီ။ အခုမှ သိတော့ တော်တော်လေ နောက်ကျ နေလေပြီ။ ဒါကြောင့် အခု ဘဝကို အခက်ခဲတွေနဲ့ အကောင်းဆုံး ရင်ဆိုင် နေပါတယ်။
မိန်းမရ တော့လည် ဘဝကို သေချာ မသိ သေးပါဘူး။ သမီးလေး မွေးလို့ တစ်နှစ်ပြည့်မှ ဘဝ အကြောင်းကို
စဉ်းစား မိခဲ့ပါသည်။ အရမ်းလည် ကြောက် အရမ်းလည်း ပူပန် မိပါတယ်။ သမီးလေးကို ငါကျောင်းထား ရမယ်။
သမီးလေးနှင့် မိသားစုကို မျက်နှာ မငယ်ရအောင် မိသားစု အသိုက်အမြုံ ဆိုတာ အိမ်ပိုင် ဝန်းပိုင်နဲ့ နေဖို့ လိုပါတယ်။ ငါ မိသားစု အတွက် ပိုက်ဆံ ရှာရမယ်။
ငါဘီယာသောက်ရင် ပိုက်ဆံ ကုန်မယ်။ နောက်ပြီ သမီးလေး မျက်နှာငယ်မယ်လို့ တွေးပြီ ကျွန်တော် ဘီယာ
မသောက် တော့ပါဘူး။ နောက်ပြီ အလကာ ပိုက်ဆံ ကုန်မယ် အလုပ်တွေကို ရှောင်လာခဲ့ ပါသည်။ ဒီလိုနဲ့
ဘဝမှာ တဖြည်းဖြည်း အဆင်ပြေ လာခဲ့ပါသည်။
မိန်းမ ရစဉ်က ကျွန်တော်မှာ တရုတ် ဆိုင်ကယ် တစ်စီးသာ ပိုင်ဆိုင်ခဲ့ပါသည်။ အဲဒီတုန်က ဂျပန်ဆိုင်ကယ်
ပြောင်းပြီ စီးချင် လိုက်တာ ဖြစ်မလာလို့ စိတ်တွေ အရမ်းညစ်ခဲ့ရပါသည်။ အလုပ်ကလည် သိပ်အဆင်မပြေ
ခဲ့ပါဘူး။ ဒါကြောင့် ကလေး မယူသေးပဲ နေခဲ့ကြသည်။ ကျွန်တော်ကို ကျွန်တော် အမေက "သား မင်းကလေး
ယူတော့လေ" " ဟုတ်ကဲ့ အမေ အလုပ် သိပ် အဆင်မပြေသေးလို့ပါ " အမေက " သားသမီး ဆိုတာ သူကံ
နဲ့ သူလာတာ သူအလိုလို အဆင်ပြေလိမ်မယ် မင်း အသက်မကြီး ခင်ယူလိုက် " " ဟုတ်ကဲ့ အမေ"
ဒီလို့နဲ့ နေလာတာ အမျိုးသမီး အမေကလည် မင်းတို့ ကလေးယူသင့်ပြီ ယူကြတော့ ဟုပြောလာလို့ နောက်
ဆုံး ကလေး ယူဖို ဆုံးဖြတ်လိုက်ကြသည်။
ကျွန်တော်တို့ အိမ်ထောင်သက် သုံးနှစ်ပြည့်မှ ကလေးယူဖြစ် ခဲ့ကြသည်။ ကလေးယူတော့ ကျွန်တော် အသက်က (၃၂)နှစ် ရောက်နေပြီ။ ဒီလို့နဲ့ သမီးလေး မွေးတော့မှ ကျွန်တော်တို့ ဇနီးမောင်နှံ ဘဝကို ပိုသိလာ
တစ်ယောက်ကို တစ်ယောက် နားလည်းမှု ပိုရှိလာခဲ့သည်။ မိဘရဲ့ မေတ္တာ မိဘရဲ့ ကျေးဇူးတွေကို သဘော
ပေါက် နာလည်းပြီ ကျေးဇူး ဆပ်ချင်လာခဲ့သည်။
အမေပြော သလိုပါပဲ သမီးလေး မွေးမှ ကျွန်တော်တို့လည် ဘဝကို သိနာလည်းပြီ အရာရာ အဆင်ပြေ ခဲ့ပါ
သည်။ ကျွန်တော် စိတ်တွေလည်း ပြောင်းလွဲ လာခဲ့ပါသည်။ ဒါကြောင့်လည် သမီးကြီးလာရင် မျက်နှာ မငယ်
အောင် ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင် တတ်လာခဲ့ပါတယ်။ ကျွန်တော် စဉ်းစားမိတယ်
ကျွန်တော်တို့ မိဘများလည် ဒီအတိုင်ပဲ ဖြစ်နိုင်ပါသည်။ မိဘများက သားသမီးများ အပေါ် မေတ္တာကြီးမာ
မှုကို နာလည်း သဘောပေါက် ခဲ့ပါသည်။
ဒီနေရာမှာ ကျွန်တော် ပြောချင်တာ တစ်ခုရှိပါတယ်။ ဒါဟာ တစ်ခြား မဟုတ်ပါ။ ကျွန်တော် အမျိုးသမီးက
သမီးကို ဖခင် အပေါ် ချွဲနွဲ့ မှုတွေကို သင်ပေးလိုက်ခြင်းပါ။ ဒါကို တစ်ခြား အိမ်ထောင်ရှင် အမျိုးသမီးတွေ
ကိုလည် ဒီအတိုင် လုပ်စေချင်ပါတယ်။ ကျွန်တော် အမျိုးသမီး သင်ပေးလိုက်တဲ့ ချွဲနွဲ့ မူတွေက ကျွန်တော်
အတွက် ဘဝ အမောပြေစေ သလို့ အိမ်ထောင်ရဲ့ သာယာမှုကို ရခဲ့ပါသည်။
ကျွန်တော် အပြင် သွားတော့မယ်ဆို သမီးက " ဖေဖေ အလုပ်ပြီရင် အိမ်စောစော ပြန်ခဲ့ ၊ ဘီယာလည် မသောက်နဲ့ ၊ ကွမ်းယာတွေလည် မစားနဲ့ ၊ လမ်းသွားရင်လည် ဘုရားစာ ရွတ်သွား ၊ အချိန်တိုင် သမီးကို
သတိရပါ " အမြဲ မှာနေကြပါ။ ကျွန်တော် အတွက်တော့ သမီး အသံ သမီးမျက်နှာကို ဘာလုပ်လုပ် မြင်
နေတော့ သည်။
ကျွန်တော် ဘယ်သွားသွား၊ ဘာလုပ်လုပ် သမီးမျက်နှာပဲ မြင်နေတော့ တစ်ခြား အမှား မလုပ်မိ ဘူးပေါ့။
တစ်ခြား အိမ်ထောင်ရှင် အမျိုးသမီးတွေလည် ကိုယ်အိမ်ထောင်ဖက်ကို သားသမီး သံယောဇဉ် နဲ့ ချည်
နှောင်စေချင်တယ်။ သားသမီး သံယောဇဉ်ကို ဘယ်အိမ်ထောင်ရှင်တွေမှ ရုန်မထွက် နိုင်ပါဘူး။ မိဘတိုင်
က သားသမီးကို ချစ်ကြပါတယ်။
ကျွန်တော် အခု ဘဝကို ရည်ရွယ်ချက်အပြည့် ရည်မှန်ချက်အပြည့် ရင်ဆိုင်နေတာဟာ မိသားစု အသိုက်
မြုံ ဘဝကို အေးချမ်းချမ်း နေနိုင်ရန် ကြိုးစားနေပါတယ်။ သမီးလေး လူလောကထဲ ရောက်လာတာဟာ
ကျွန်တော် ဘဝကို အလင်းရောင်လေ ပေးလိုက် သလို့ပါပဲဗျာ။
ချစ်စရာ သမီး ရူမငြီး
သမီးဘဝ လှပဖိုအရေး
ဖေဖေ ဆောင်ရွက်စီးမံ တွေတောကြံ
ဧကန် အမှန် သမီးရမှာပါ။..။
သမီးဘဝ တစ်ဘဝလုံး
လှပပြုံးရွှင် အောင်ပွဲဆင်ဖို
ဖေဖေ အားကြိုးမာန်တက်
မနှေးဆောင်ရွက် သမီးအတွက်
ဖေဖေ အချစ် သက်သေပြုဖို
သမီးအတွက် အဖေပေးဆပ်မှာပါ။..။
အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့သော မိသားစု ဘဝလေးပိုင်ဆိုင်နိုင်ပါစေ။
မင်းမင်းဇော်